Home How To အမျိုးသမီးများ သွေးဆုံးချိန်ဝေဒနာကို ဘယ်လိုကျော်ဖြတ်မလဲ

အမျိုးသမီးများ သွေးဆုံးချိန်ဝေဒနာကို ဘယ်လိုကျော်ဖြတ်မလဲ

0
အမျိုးသမီးများ သွေးဆုံးချိန်ဝေဒနာကို ဘယ်လိုကျော်ဖြတ်မလဲ

အမျိုးသမီးတွေ အနေနဲ့  သွေးဆုံးချိန်ကို ရှောင်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ ဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ဖို့ အကြံပေးပါရစေ။

ခန္ဓာကိုယ်ပူနွေးခြင်း

သွေးဆုံးချိန်မှာ အဖြစ်များတဲ့ ဟော်မုန်းအပြောင်းအလဲကို ထိန်းချုပ်နိုင်ဖို့ ဖိုင်တိုအီစထရိုဂျင် ပါဝင်တဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ ပဲပိစပ်နဲ့လုပ်ထားတဲ့ ပဲပုပ်စေ့၊ တို့ဟူးစတာတွေကို စားပေးရမှာပါ။ လေ့ကျင့်ခန်းလုပ်တာကလည်း FSH နဲ့ LHဟော်မုန်းတွေရဲ့ ပမာဏကို လျော့ကျစေပြီး ခန္ဓာကိုယ်ပူနွေးတာကို သက်သာစေပါတယ်။

ရင်သားတင်းခြင်း

EPO- Evening Primrose Oilကို မှီဝဲတာက ရင်သားတင်းခြင်းကို သက်သာစေပါတယ်။

သွေးတွင်း ကိုလက်စထရောများခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်တာနဲ့ အဆီ၊ ကယ်လိုရီနည်းတဲ့ အစားအသောက်တွေ မစားတာက သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ အထူးသဖြင့် တိရစ္ဆာန်ထွက် အဆီတွေကို လုံးဝမစားပဲ တစ်ပတ်ကို အနည်းဆုံး လေ့ကျင့်ခန်း သုံးကြိမ်လုပ်ပေးပါ။

အိပ်မပျော်ခြင်း

အိပ်စက်တဲ့ အလေ့အထကို ပုံမှန်ရှိအောင် ထားပေးပါ။ အထူးသဖြင့် ညဘက်နဲ့ မနက်ဘက်တွေမှာ အိပ်ချိန်၊ ထချိန်ကို ပုံမှန်ထားပေးပါ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ အိပ်ရာမဝင်ခင်မှာ စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ မယ်လတိုနင်ဟာ ဦနှောက်ထဲမှ ထွက်ရှိလာတဲ့ ဟော်မုန်း တစ်မျိုးဖြစ်ပြီး အိပ်ခြင်း-ထခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ အိပ်မပျော်တဲ့အခါ ဆရာဝန်တွေက မယ်လတိုနင်အိပ်ဆေးကို ညွှန်ကြားလေ့ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ

ယောဂကျင့်တာ ဒါမှမဟုတ် တရားထိုင်တာက သွေးဆုံးချိန်မှာ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေ စတဲ့ စိတ်ဝေဒနာတွေကို တည်ငြိမ်စေကာ ဟန်ချက်ညီမျှစေပါတယ်။ အရက်မသောက်ပဲနေတာ၊ ကဖင်းဓာတ်ကို လျော့ချတာနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာ စတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲတာဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

Zawgyi Font : အမ်ိဳးသမီးမ်ား ေသြးဆုံးခ်ိန္ေဝဒနာကို ဘယ္လိုေက်ာ္ျဖတ္မလဲ

အမ်ိဳးသမီးေတြ အေနနဲ႔  ေသြးဆုံးခ်ိန္ကို ေရွာင္ရွားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ေသြးဆုံးခ်ိန္မွာ အျဖစ္မ်ားတဲ့ ေဝဒနာေတြကို ေက်ာ္လႊားႏိုင္ဖို႔ဆိုရင္ ေအာက္ပါအတိုင္း လုပ္ေဆာင္ၾကည့္ဖို႔ အႀကံေပးပါရေစ။

ခႏၶာကိုယ္ပူေႏြးျခင္း

ေသြးဆုံးခ်ိန္မွာ အျဖစ္မ်ားတဲ့ ေဟာ္မုန္းအေျပာင္းအလဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ဖိုင္တိုအီစထ႐ိုဂ်င္ ပါဝင္တဲ့ အစားအေသာက္ေတြကို စားေပးရပါမယ္။ ပဲပိစပ္နဲ႔လုပ္ထားတဲ့ ပဲပုပ္ေစ့၊ တို႔ဟူးစတာေတြကို စားေပးရမွာပါ။ ေလ့က်င့္ခန္းလုပ္တာကလည္း FSH နဲ႔ LHေဟာ္မုန္းေတြရဲ႕ ပမာဏကို ေလ်ာ့က်ေစၿပီး ခႏၶာကိုယ္ပူေႏြးတာကို သက္သာေစပါတယ္။

ရင္သားတင္းျခင္း

EPO- Evening Primrose Oilကို မွီဝဲတာက ရင္သားတင္းျခင္းကို သက္သာေစပါတယ္။

ေသြးတြင္း ကိုလက္စထေရာမ်ားျခင္း

ေလ့က်င့္ခန္း ပုံမွန္လုပ္တာနဲ႔ အဆီ၊ ကယ္လိုရီနည္းတဲ့ အစားအေသာက္ေတြ မစားတာက ေသြးတြင္း ကိုလက္စထေရာကို ေလ်ာ့က်ေစပါတယ္။ အထူးသျဖင့္ တိရစာၦန္ထြက္ အဆီေတြကို လုံးဝမစားပဲ တစ္ပတ္ကို အနည္းဆုံး ေလ့က်င့္ခန္း သုံးႀကိမ္လုပ္ေပးပါ။

အိပ္မေပ်ာ္ျခင္း

အိပ္စက္တဲ့ အေလ့အထကို ပုံမွန္ရွိေအာင္ ထားေပးပါ။ အထူးသျဖင့္ ညဘက္နဲ႔ မနက္ဘက္ေတြမွာ အိပ္ခ်ိန္၊ ထခ်ိန္ကို ပုံမွန္ထားေပးပါ။ လက္ဖက္စိမ္း လက္ဖက္ရည္ဟာ အိပ္ရာမဝင္ခင္မွာ စိတ္တည္ၿငိမ္ေအးခ်မ္းမႈကို ရရွိကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။ မယ္လတိုနင္ဟာ ဦေႏွာက္ထဲမွ ထြက္ရွိလာတဲ့ ေဟာ္မုန္း တစ္မ်ိဳးျဖစ္ၿပီး အိပ္ျခင္း-ထျခင္းကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ အိပ္မေပ်ာ္တဲ့အခါ ဆရာဝန္ေတြက မယ္လတိုနင္အိပ္ေဆးကို ၫႊန္ၾကားေလ့ရွိပါတယ္။

စိတ္ပိုင္းဆိုင္ရာ ေဝဒနာမ်ား

ေယာဂက်င့္တာ ဒါမွမဟုတ္ တရားထိုင္တာက ေသြးဆုံးခ်ိန္မွာ စိတ္အားငယ္တာ၊ စိတ္ဓာတ္က်တာေတြ စတဲ့ စိတ္ေဝဒနာေတြကို တည္ၿငိမ္ေစကာ ဟန္ခ်က္ညီမွ်ေစပါတယ္။ အရက္မေသာက္ပဲေနတာ၊ ကဖင္းဓာတ္ကို ေလ်ာ့ခ်တာနဲ႔ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားေပးတာ စတဲ့ ဘဝေနထိုင္စားေသာက္မႈပုံစံကို ေျပာင္းလဲတာဟာ စိတ္ခံစားမႈကို ေကာင္းမြန္ေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: