Home News ကိုလံဘီယာ တွင် ဘရာဇီးဘောလုံးကလပ် တစ်သင်းလိုက်ပါစီးနင်းလာသည့် လေယာဉ်ပျက်ကျ

ကိုလံဘီယာ တွင် ဘရာဇီးဘောလုံးကလပ် တစ်သင်းလိုက်ပါစီးနင်းလာသည့် လေယာဉ်ပျက်ကျ

0
ကိုလံဘီယာ တွင် ဘရာဇီးဘောလုံးကလပ် တစ်သင်းလိုက်ပါစီးနင်းလာသည့် လေယာဉ်ပျက်ကျ

ဘရာဇီးဘောလုံးကလပ် ချာပက်ကိုယန်ဆီ အသင်းသားများ ပါဝင်စီးနင်းလိုက်ပါလာသော ခရီးသည်လေယာဉ် တစ်စီးသည် ကိုလံဘီယာ တွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။ လူပေါင်း ၈၀ နီးပါးခန့် လေယာဉ်ပေါ်တွင် လိုက်ပါလာပြီး မယ်ဒယ်လင်းမြို့တွင် အက်သလက်တီကို နေစီယွန်နယ်လ်နှင့် ကိုပါ ဆုဒ်အမေရိကဖလား ဗိုလ်လုပွဲ အားယှဉ်ပြိုင်ကစားရန် လေယာဉ်နှင့် စီးနင်းလိုက်ပါ လာခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်သည် တောင်ထူထပ်သောနေရာပေါ်သို့ ပျက်ကျခဲ့ပြီး ရာသီဥတုဆိုးဝါးမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများလည်း နှောင့်နှေးခဲ့ရကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ နောက်ဆုံးရသတင်းများအရ လေယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသူ လူပေါင်း ၇၅ ယောက် သေဆုံးခဲ့ပြီး အသက်ရှင်လွတ်မြောက်သူ ၄ယောက်ခန့်သာ ရှိသည်ဟု သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: