Home Lifestyle Food အခွံမာသီး စားသုံးခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်

အခွံမာသီး စားသုံးခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်

0
အခွံမာသီး စားသုံးခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်

အခွံမာသီးမှာ ပါဝင်တဲ့ ၈ဝရာခိုင်နှုန်းသော ဓာတ်သဘာဝတွေကို ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့ အာရုံကြော ဆိုင်ရာ ဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒီဆောင်းပါးမှာတော့ အခွံမာသီးတွေရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပုံ (၅) ချက်ကို တင်ဆက်ဖော်ပြပေးထားပါတယ်။

၁။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။

သုတေသီတို့ရဲ့ လေ့လာစမ်းသပ်ချက်များအရ အခွံမာသီး စားသုံးခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး အဝလွန်ခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ အခြားသော ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ ဗီတာမင် ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဆာလောင်မွတ်သိပ်မှုကို မဖြစ်ပေါ်စေတဲ့အတွက် ၀ိတ်လျော့မယ့်သူတွေ အတွက်ကတော့ အခွံမာသီးဟာ မဖြစ်မနေ စားသုံးသင့်တဲ့ အစာတစ်မျိုးပါဘဲ။ ခန္ဓာကိုယ် အလေးချိန်ထိန်းညှိမယ့်သူတွေကတော့ နေ့လည်စာမစားမှီ အခွံမာသီး တွေကို အနည်းငယ်စားပြီးမှ နေ့လည်စာ စားသင့်ပါတယ်။

၂။ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေကို တားဆီးပေးတယ်။

အခွံမာသီးတွေ မှာ မပြည့်ဝဆီ ပါဝင်ပြီး အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်တာကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ ဝေဒနာတွေကို သက်သာ စေနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောမာခြင်း၊ သွေးတွင်းအဆီတက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Human heart anatomy

၃။ ခန္ဓာကိုယ်ခုခံအားကို မြင့်စေတယ်။

အခွံမာသီးတွေမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ Resveratrol ဆိုတာ ၀ိုင်အနီမှာ သာ ပါဝင်တဲ့ အံ့သြစရာကောင်းလောက်တဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာ ကို လည်း ခုခံနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် မြေပဲ မှာ resveratrol ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

၄။ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တယ်။

ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတဲ့ Fatty အက်ဆစ်၊ နူးညံ့ပြီး ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးခြင်းကိုဆန့်ကျင့်စေတဲ့ Antioxidant, ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ ဗီတာမင် အီးတို့ ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြောတွေနဲ့ အသားအရည် တို့ကိုလည်း အချိန်မတန်မှီ အိုမင်းခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် သာမန် အသီးအရွက်တွေမှာပါတဲ့ ဓာတ်တွေထက် အခွံမာသီး တွေက ပိုပြီးတော့ ဗီတာမင်ကြွယ်ဝမှု များပါတယ်။

၅။ အသက်ရှည်စေပါတယ်။

အခွံမာသီး အမြဲစားသုံးလေ့ရှိသူက အခွံမာသီး မစားသုံးသူတွေထက် ပိုအသက်ရှည်နိုင်ကြောင်း သုတေသီတို့က ဆိုပါတယ်။ အထူးသဖြင့် နှလုံးနဲ့သွေးကြောရောဂါကြောင့် ဖြစ်လာမယ့် ဆက်စပ်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် အသက်ပိုရှည် နိုင်တယ်လို့ ပြောကြတာဖြစ်ပါတယ်။

အကျင်းချုပ်အားဖြင့် ပြောမယ်ဆိုရင်တော့ အခွံမာသီးဟာ စားသုံးသင့်သလို အချို့တွေကတော့ အသီးအရွက် ဆလပ်အနေနဲ့ထည့်ပြီး သုပ်စားတတ်ကြပါတယ်။ ဒီအတိုင်း နေ့တိုင်း အခွံမာသီးကို နေ့လည်စာ မစားမှီစားသုံးပေးခြင်းဟာ ပိုသင့်လျော်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ထိန်းညှိဖို့အတွက် စားမယ်ဆိုရင်တော့ အသီးအရွက်သုပ်ထဲမှာ အခွံမာသီးအချို့ကို သံလွင်ဆီနဲ့ သုပ်စားတာက ပိုအကျိုးရှိ ပါတယ်။ မြန်မာပြည်အနေအထားနဲ့ လွယ်လွယ်နဲ့ ရနိုင်တဲ့ အခွံမာသီးတွေကတော့ မြေပဲ၊ သစ်ကြားသီး၊ သီဟိုစေ့ ဗန်ဒါစေ့ တို့ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: