Home Knowledge ဆူညံသံက သင့်ကို ဒုက္ခပေးနေသလား

ဆူညံသံက သင့်ကို ဒုက္ခပေးနေသလား

0
ဆူညံသံက သင့်ကို ဒုက္ခပေးနေသလား

ဆူညံသံကို အကြာကြီးကြားနေရတာက ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။

သင့် အိမ်ထောင်ဖက်က ဟောက်တတ်သူဖြစ်ရင် သင့်မှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာ ဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဆူညံသံဟာ စိတ်ဖိစီးမှုနှင့် စိတ်ကသိကအောက် ဖြစ်ရခြင်းနဲ ဆက်စပ်ပြီး နှလုံးသွေးခုန်နှုန်း၊ သွေးဖိအားနှင့် သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အစတည်းက နှလုံးရောဂါရှိပြီးသူတွေ အနေနဲ့ ဆူညံသံကြောင့် နှလုံးခုန်မမှန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အချိန်ကြာကြာ ဆူညံသံကြားရတာက နှလုံးရောဂါထခြင်း (Heart Attack)ဖြစ်နိုင်ခြေများပြီး ယာဉ်ကြောထူထပ်တဲ့ ဆူညံသံနဲ့ ညီမျှတဲ့ ၆၇-၇၀ ဒက်ဆီဘယ်လ်ဟာ သွေးတိုးခြင်းကို ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ ဘာလင်ဆေးရုံကို တက်ရောက်ခဲ့တဲ့ လူနာတွေကို လေ့လာမှုအရ အမျိုးသားတွေရဲ့ ၄၅ ရာခိုင်နှုန်းဟာ နှလုံးရောဂါထနိုင်တဲ့ အန္တရာယ်ရှိ်ကြောင်း သိရပါတယ်။

သင့်အနေနဲ့ ဆူညံသံတွေကြားမှာ အလုပ်လုပ်နေရသူဆဆိုရင် နားကြပ် Ear Plug တပ်ဆင်ထားဖို့လိုအပ်ပါတယ်။  အားကစားလုပ်တဲ့ အခါမှာလည်း ဆူညံသံတွေကြားမှာ လုပ်ရရင်လည်း နားကို ကာကွယ်ထားဖို့လိုအပ်ပါတယ်။

သင့်မှာ အကြားအာရုံနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိနေသလား?

-သင့်အနေနဲ့ တစ်နေ့ကို မိနစ် ၃ဝထက် ပိုပြီး ဆူညံသံထွက်တဲ့ ပစ္စည်းကိရိယာတွေနဲ့အလုပ်လုပ်နေရရင်၊
-သင့် အနေနဲ့ အလုပ်ခွင်မှာ အဆက်မပြတ်ဆူညံသံတွေ ကြားနေရရင်၊
-ဆူညံသံ ကြားနေရစဉ်နဲ့ ကြားပြီးအချိန်တွေမှာ နားအူနေရင်၊

ဒီလိုဖြစ်နေရင်တော့ နားနဲ့ ပတ်သက်ပြီးတော့ အကြားအာရုံကောင်း၊ မကောင်း စစ်ဆေးဖို့လိုလာပါပြီ။

ညအချိန်မှာ ဆူညံသံကို သတိထားပါ။

ညအချိန်မှာ ယာဉ်ကြောထူထပ်မှုလိုမျိုး ၅၀ ဒက်စီဘယ်လ်ရဲ့ အထက် ဆူညံသံ ကြားနေရရင် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို မြင့်မားစေပါတယ်။ လေ့လာတွေ့ရှိချက်အရ ၃၀ ဒငက်စီဘယ်လ်ကျော်တဲ့ ဆူညံသံကတောင် အိပ်ရေးပျက်စေပါတယ်။

သင့်အိမ်မှာ ကန့်လန်ကာ လွင့်သံ၊ လေတိုက်သံ စတဲ့ ညဘက် တိတ်ဆိတ်ချိန်မှာ သိသာတဲ့ ဆူညံသံကို ကြားရရင် အိပ်မပျော်တာမျိုးဖြစ်စေနိုင်ပါတယ်။ သင့် အိမ်ထောင်ဖက်ဟာ ဟောက်တတ်ရင် သင့် အနေနဲ့ နားကြပ် Ear Plug ကို တပ်ဆင်ဖို့ လိုအပ်ပါတယ်။ ကျယ်လောင်တဲ့ ဟောက်သံဟာ အိပ်ရေးပျက်စေရုံမက နှလုံးသွေးကြောရောဂါ အန္တရာယ်ကိုပါ မြင့်တက်စေတာကြောင့်ပါ။ လန်ဒန်ကောလိပ်ရဲ့ လေ့လာမှုတစ်ရပ်အရ အိပ်တဲ့အခါ ဟောက်တတ်သူတွေဟာ သွေးတိုးနိုင်ချေ မြင့်မားကြောင်းသိရပါတယ်။ ဒါ့အပြင် ဟောက်တတ်သူတွေဟာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်တွေကိုပါ မြင့်တတ်စေတာကြောင့် ဟောက်တတ်သူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Zawgyi Font : ဆူညံသံက သင့္ကို ဒုကၡေပးေနသလား

ဆူညံသံကို အၾကာႀကီးၾကားေနရတာက က်န္းမာေရးျပႆနာအမ်ိဳးမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

သင့္ အိမ္ေထာင္ဖက္က ေဟာက္တတ္သူျဖစ္ရင္ သင့္မွာ ႏွလုံးေသြးေၾကာဆိုင္ရာ ျပႆနာ ျဖစ္ႏိုင္ေျချမင့္မားပါတယ္။ ဆူညံသံဟာ စိတ္ဖိစီးမႈႏွင့္ စိတ္ကသိကေအာက္ ျဖစ္ရျခင္းနဲ ဆက္စပ္ၿပီး ႏွလုံးေသြးခုန္ႏႈန္း၊ ေသြးဖိအားႏွင့္ ေသြးတြင္းအဆီဓာတ္ကို ျမင့္တက္ေစတာေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ အစတည္းက ႏွလုံးေရာဂါရွိၿပီးသူေတြ အေနနဲ႔ ဆူညံသံေၾကာင့္ ႏွလုံးခုန္မမွန္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

အခ်ိန္ၾကာၾကာ ဆူညံသံၾကားရတာက ႏွလုံးေရာဂါထျခင္း (Heart Attack)ျဖစ္ႏိုင္ေျခမ်ားၿပီး ယာဥ္ေၾကာထူထပ္တဲ့ ဆူညံသံနဲ႔ ညီမွ်တဲ့ ၆၇-၇၀ ဒက္ဆီဘယ္လ္ဟာ ေသြးတိုးျခင္းကို ျဖစ္ေစႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က ဆိုပါတယ္။ ဘာလင္ေဆး႐ုံကို တက္ေရာက္ခဲ့တဲ့ လူနာေတြကို ေလ့လာမႈအရ အမ်ိဳးသားေတြရဲ႕ ၄၅ ရာခိုင္ႏႈန္းဟာ ႏွလုံးေရာဂါထႏိုင္တဲ့ အႏၲရာယ္ရွိ္ေၾကာင္း သိရပါတယ္။

သင့္အေနနဲ႔ ဆူညံသံေတြၾကားမွာ အလုပ္လုပ္ေနရသူဆဆိုရင္ နားၾကပ္ Ear Plug တပ္ဆင္ထားဖို႔လိုအပ္ပါတယ္။  အားကစားလုပ္တဲ့ အခါမွာလည္း ဆူညံသံေတြၾကားမွာ လုပ္ရရင္လည္း နားကို ကာကြယ္ထားဖို႔လိုအပ္ပါတယ္။
သင့္မွာ အၾကားအာ႐ုံနဲ႔ ပတ္သက္ၿပီး အႏၲရာယ္ရွိေနသလား?

-သင့္အေနနဲ႔ တစ္ေန႔ကို မိနစ္ ၃ဝထက္ ပိုၿပီး ဆူညံသံထြက္တဲ့ ပစၥည္းကိရိယာေတြနဲ႔အလုပ္လုပ္ေနရရင္၊
-သင့္ အေနနဲ႔ အလုပ္ခြင္မွာ အဆက္မျပတ္ဆူညံသံေတြ ၾကားေနရရင္၊
-ဆူညံသံ ၾကားေနရစဥ္နဲ႔ ၾကားၿပီးအခ်ိန္ေတြမွာ နားအူေနရင္၊

ဒီလိုျဖစ္ေနရင္ေတာ့ နားနဲ႔ ပတ္သက္ၿပီးေတာ့ အၾကားအာ႐ုံေကာင္း၊ မေကာင္း စစ္ေဆးဖို႔လိုလာပါၿပီ။

ညအခ်ိန္မွာ ဆူညံသံကို သတိထားပါ။

ညအခ်ိန္မွာ ယာဥ္ေၾကာထူထပ္မႈလိုမ်ိဳး ၅၀ ဒက္စီဘယ္လ္ရဲ႕ အထက္ ဆူညံသံ ၾကားေနရရင္ ႏွလုံးေသြးေၾကာဆိုင္ရာ အႏၲရာယ္ကို ျမင့္မားေစပါတယ္။ ေလ့လာေတြ႕ရွိခ်က္အရ ၃၀ ဒငက္စီဘယ္လ္ေက်ာ္တဲ့ ဆူညံသံကေတာင္ အိပ္ေရးပ်က္ေစပါတယ္။

သင့္အိမ္မွာ ကန႔္လန္ကာ လြင့္သံ၊ ေလတိုက္သံ စတဲ့ ညဘက္ တိတ္ဆိတ္ခ်ိန္မွာ သိသာတဲ့ ဆူညံသံကို ၾကားရရင္ အိပ္မေပ်ာ္တာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ သင့္ အိမ္ေထာင္ဖက္ဟာ ေဟာက္တတ္ရင္ သင့္ အေနနဲ႔ နားၾကပ္ Ear Plug ကို တပ္ဆင္ဖို႔ လိုအပ္ပါတယ္။ က်ယ္ေလာင္တဲ့ ေဟာက္သံဟာ အိပ္ေရးပ်က္ေစ႐ုံမက ႏွလုံးေသြးေၾကာေရာဂါ အႏၲရာယ္ကိုပါ ျမင့္တက္ေစတာေၾကာင့္ပါ။ လန္ဒန္ေကာလိပ္ရဲ႕ ေလ့လာမႈတစ္ရပ္အရ အိပ္တဲ့အခါ ေဟာက္တတ္သူေတြဟာ ေသြးတိုးႏိုင္ေခ် ျမင့္မားေၾကာင္းသိရပါတယ္။ ဒါ့အျပင္ ေဟာက္တတ္သူေတြဟာ ႏွလုံးေသြးေၾကာဆိုင္ရာ အႏၲရာယ္ေတြကိုပါ ျမင့္တတ္ေစတာေၾကာင့္ ေဟာက္တတ္သူေတြအေနနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: