Home Knowledge Inspiration ဒေါ်နယ်ထရမ့်ရဲ့ မေးခွန်း (၁၅)ခုကို ဖြေပြီး သင့်ကိုယ်သင် အကဲဖြတ်လိုက်ပါ

ဒေါ်နယ်ထရမ့်ရဲ့ မေးခွန်း (၁၅)ခုကို ဖြေပြီး သင့်ကိုယ်သင် အကဲဖြတ်လိုက်ပါ

0
ဒေါ်နယ်ထရမ့်ရဲ့ မေးခွန်း (၁၅)ခုကို ဖြေပြီး သင့်ကိုယ်သင် အကဲဖြတ်လိုက်ပါ

ကြီးကြီးတွေးပါ လို့ ပြောခဲ့တဲ့ ထရမ့်ဟာ စီးပွားရေးမှာ အောင်မြင်ထင်ရှားခဲ့ရုံသာမက အမေရိကန် ပြည်သူတို့ရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်လာခဲ့ပြီဖြစ်လို့ အပြောနဲ့အလုပ်တကယ်ညီခဲ့ပါပြီ။ ထရမ့်နဲ့ တွေ့တိုင်း လူတွေ မကြာ ခဏ မေးတတ်ကြတဲ့မေးခွန်းကတော့ “ဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာတာလဲ” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ထရမ့်ကတော့ ဒီမေးခွန်းကို စကားတစ်လုံးနှစ်လုံးနဲ့ ဖြေဖို့ မလွယ်ပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့်သူ အရင်ဆုံး ပြောချင်တာက သင့်ကိုသင် ရိုးသားပါ တဲ့ခင်ဗျာ။ ချမ်းသာဖို့တစ်ခုတည်းသော နည်း လမ်းကတော့ လက်တွေ့ ကျဖို့နဲ့ ဟန်မဆောင်ဘဲ ရိုးသားဖို့လိုတယ်လို့  ထရန့်က ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ သင်ဘယ်လို လူလဲ ဆိုတာကို အကဲဖြတ်နိုင်ဖို့ သင်ကိုယ်တိုင်ရိုးသားစွာဖြေဆိုရမယ့် မေးခွန်း (၁၅) ခုကို မေးပါတယ်။ ဒီမေးခွန်း တွေမှာ ထရမ့်ရဲ့ စိတ်အခြေအနေနဲ့ အမေရိကန် လူမှု ဘဝအငွေ့အသက်တွေကို တွေ့မြင်နိုင်ပါတယ်။ ကဲ၊မေးခွန်းတွေကို ဖြေရင်းသင်ဘယ်သူလဲဆိုတာကို အကဲဖြတ်ကြည့်လိုက်ပါ။

(၁)။ (၅)နှစ်အတွင်း သင်လိုချင်တဲ့ ဝင်ငွေ ဘယ်လောက်လဲ။

      (က) ဒေါ်လာ ၁၀၀၀၀၀  မှ ၂၄၉၉၉၉ ထိ (ခ) ၂၅၀၀၀၀ မှ ၄၉၉၉၉၉ ထိ (ဂ) ၅၀၀၀၀၀ မှ ၄၉၉၉၉၉၉ ထိ
(ဃ) ဒေါ်လာ တစ်သန်းနှင့် အထက်

(၂)။ သင့်ရဲ့ ငွေကြေးဆိုင်ရာ စိတ်ကူးမျှော်လင့်ချက်က ဘာလဲ။

     (က) ထီပေါက်ခြင်း(ခ) ကျန်းမာရေးခံစားခွင့်၊ပင်စင်နဲ့ (၃)ပတ် အားလပ်ရက်ရတဲ့ အလုပ်ကောင်းကောင်း
(ဂ) အိုးပိုင်အိမ်ပိုင်(ဃ) စီးပွားရေးလုပ်ငန်းတစ်ခု (သို့)အိမ်ရာပိုင်ဆိုင်မှု (သို့) အခြားရင်းနှီးမြှပ်နှံမှုတစ်ခုခုမှ   လုပ်ငန်းလည်ပတ်မှုကြောင့် အဆက်မပြတ်ဝင်နေသော အကန့်အသတ်မဲ့ဝင်ငွေ

(၃)။ ဘယ်အချက်က သင့်ရဲ့ အကောင်းဆုံးငွေကြေးဆိုင်ရာ အခြေအနေ ဖွင့်ဆိုချက်လဲ။

     (က) လက်ရှိအနေအထားကို အရမ်းကျေနပ်တယ်။(ခ) လက်ရှိအနေအထားကို အတိုင်းအတာ တစ်ခုထိ ကျေနပ်တယ်။(ဂ) ကျေနပ်ပေမယ့် မျှော်လင့်ချက်မရှိသလိုခံစားရတယ်။(ဃ)လုံးဝကျေနပ်အားရမှုမရှိပါ။ နောက်ထပ်ပိုလိုချင်တယ်။

(၄)။ သင့်ရဲ့ ဓနဥစ္စာ တည်ဆောက်မှုအတွက် တစ်နေ့ အချိန်ဘယ်လောက်သုံးသလဲ။

(က) နာရီဝက် အောက်(ခ)နာရီဝက်မှ တစ်နာရီ (ဂ)တစ်နာရီမှ နှစ်နာရီ(ဃ) နှစ်နာရီနှင့်အထက်

(၅)။ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာသင်တန်းတွေအတွက် သင်ဘယ်လောက် သုံးသလဲ။

(က) တစ်နှစ် ဒေါ်လာ ၁၀၀ အောက် (ခ) ဒေါ်လာ၁ဝဝမှ ၄၉၉ ထိ(ဂ) ၅၀၀ မှ ၁၁၉၉ ထိ(ဃ) ဒေါ်လာ ၁၂၀၀ အထက်

(၆)။ အခက်အခဲပြသနာတွေနဲ့ကြုံတဲ့အခါ သင်ဘယ်လို ရင်ဆိုင်သလဲ။

(က) မသိကျိုးကျွန်ပြုလိုက်တယ်၊နောက်တော့ပြီးသွားမှာပဲလို့မျှော်လင့်တယ်။(ခ)မိတ်ဆွေတွေနဲ့ မိသားစုကို အပြစ်ဖို့တယ်။(ဂ) အခြားလူတစ်ယောက်ယာက်ကို အပူကပ်တယ်။(ခ) ဉာဏ်နဲ့ ယှဉ်တဲ့ အဖြေတစ်ခုမရမချင်း စဉ်းစားအဖြေရှာတယ်။

(၇)။ အလုပ်အပေါ်သင့်သဘောထားက ဘာလဲ။

(က) တကုပ်ကုပ် ငြီးငွေ့စရာ၊ မုန်းတယ်။ (ခ)စိတ်မပါဘူး။ အခြားတစ်ခုခုသာ လုပ်နေချင်တယ်။ (ဂ)အလုပ်က အဆင်ပြေတယ်။ပိုက်ဆံရဖို့အလုပ်လုပ်ရမယ်။(ဃ) အလုပ်ကို နှစ်သက်တယ်၊ အလုပ်က ပျော်စရာ ကောင်း တယ်။

(၈)။ ဝင်ငွေမရှိတော့ဘူး၊အလုပ်မရှိတော့ဘူးဆိုရင် သင်ဘာလုပ်မလဲ။

(က)မိတ်ဆွေတွေ(သို့)မိသားစုတွေဆီရွှေ့မယ်၊ပြီးတော့အလုပ်လက်မဲ့ထောက်ပံ့ငွေကိုယူပြီးငွေစုမယ်။ (ခ)ပြန်လည်လေ့ကျင့်ဖို့ကျောင်းပြန်တက်မယ်။(၈) အလုပ်သစ်ရှာမယ်။(ဃ) ကိုယ်ပိုင်ကုမဏီတစ်ခုစထောင်မယ်။

(၉)။ သင့်ရဲ့စွမ်းအားနဲ့ အာရုံစူးစိုက်မှု အဆင့်ကိုဖေါ်ပြတဲ့ အကောင်းဆုံးဖွင့်ဆိုချက်ကဘာလဲ။

(က)တစ်ရက်တာ အတွက် လုံလောက်ရုံပဲ ရှိတယ်။(ခ) တခဏတာကြိုးစားပြီး အရှိန်ကျသွားတယ်။ပြီးရင် တစ်နေကုန် သက်တောင့်သက်သာနေတယ်။(၈) ရှစ်နာရီကြာ အလုပ်ကြိုးစားလုပ်နိုင်တယ်။(ဃ)စွမ်းအားတွေနဲ့ ပြည့်နေပြီး သဘောကျတဲ့အလုပ်ဆိုရင် ပင်ပန်းတယ်ဆိုတာ မရှိဘူး။

(၁၀)။ တစ်ယောက်ယောက်က သင်မလုပ်နိုင်ဘူးလို့ပြောတဲ့အခါ သင့်ရဲ့ အကောင်းဆုံးတုန့်ပြန်မှုက ဘာလဲ။

(က)လက်လျှော့ပြီး ငါ့ကိုယ်ငါဝမ်းနည်းပက်လက်နဲ့ ငုတ်တုတ်ထိုင်နေမယ်။(ခ) ဒေါသထွက်ပြီး ဝုန်းဒိုင်း ကြဲမယ်။(၈) နောက်တစ်ခါထပ်ကြိုးစားမယ်။(ဃ) စွမ်းအားရယူပြီး ကိုယ်လိုချင်တာမရမချင်း လက်မလျှော့ဘူး။

(၁၁)။ သင့်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချရမယ်။ ဘာလုပ်ရမှန်းသင်မသိ။သင့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်က ဘာလဲ။

(က) TV ချည်းပဲ ကြည့်မယ်။(ခ) သူတို့ ဘာလုပ်မလဲဆိုတာသိဖို့ သူငယ်ချင်းအားလုံး ကိုပြောပြ မယ်။ (ဂ)အကျိုးအကြောင်းအခြေအနေကို စီစစ်သုံးသပ်ပြီး ဖြစ်နိုင်ချေများတဲ့အရာကိုလုပ်မယ်။(ဃ) (ခ)နဲ့ (ဂ)ကိုလုပ်ပြီး မိမိ ကိုယ်ပိုင်အသိစိတ်ကိုအားကိုးမယ်။

(၁၂)။ လူတွေနဲ့ပတ်သက်ပြီး သင့်ရဲ့ သဘောထားကဘာလဲ။

(က) ငါက သာမန်အားဖြင့် လူတွေကို ကောင်းတယ်လို့ယုံကြည်တယ်။ပြီးတော့ ကျွန်တော့်ဆီက ဘယ်တော့မှ မခိုးတတ်ဘူး။လိမ်လည်လှည့်ဖျားတာမလုပ်ဘူးလို့ယုံကြည်တယ်။(ခ) သူတို့မှာ အကောင်းဆုံး အရည်အသွေး မရှိရင်တောင် ငါ့ကိုအထင်ကြီးတဲ့သူတွေနဲ့ ငါ့ကိုယ်ငါ၀ိုင်းရံထားတယ်။(ဂ) ငါက အတော်ဆုံးလူတွေကို ငှားရမ်း ပြီး သူတို့လုပ်တာတွေကောင်းတယ်လို့ ယုံကြည်ထားတယ်။(ဃ)ငါက အတော်ဆုံးလူတွေကို ငှားရမ်းပြီး ပရော် ဖက်ရှင်နယ်ကျကျ  ဆက်ဆံတယ်၊ဒါပေမယ့် သိန်းငှက်တစ်ကောင်လိုတော့သူတို့ကို စောင့်ကြည့်တယ်။

(၁၃)။ တစ်စုံတစ်ယောက်က သင့်ဂုဏ်သိက္ခာ ကျဆင်းအောင် ထိခိုက်ပျက်စီး အောင်ရည်ရွယ်ချက်ရှိရှိလုပ်လာရင် သင်ဘယ်လိုတုန့်ပြန်မလဲ။

(က) စိတ်ဓါတ်အလွန်အမင်းကျပြီး သူတို့ငါ့ကို ဘာကြောင့် မကြိုက်တာလဲလို့ အံံသြမိမယ်။ (ခ)ရှိပါစေတော့။ အုတ်အော်သောင်းတင်း ဘာလုပ်ဖို့လုပ်တော့မှာလဲ။(ဂ)ထိပ်တိုင်ရင်ဆိုင်တွေ့ပြီး ဘာ့ကြောင့်ဒါကို လုပ်သလဲ ဆိုတာကိုမေးမယ်။(ဃ)သူတို့လုပ်တာထက် ဆယ်ဆ လောက်ထိဆိုး အောင်လုပ်ပြီး သူတို့ကို ပြန်တိုက်ခိုက်မယ်။

(၁၄)။  သင်က စင်ပေါ်ရောက်နေပြီးသင်လုပ်သလိုဖြစ်နေပြီဆိုရင် ခုချိန်မှာ ဘာလုပ်မလဲ။

(က)အားလပ်ရက်ခရီးအတွက် အချိန်ယူမယ်။(ခ)ပိုနေမြဲကျားနေမြဲ ပဲနေမယ်။ (ဂ)အခြားစီးပွား (သို့)အလုပ် တစ်ခု ကို ဟိုစစဒီစစ စလုပ်ကြည့်မယ်။(ဃ)ကိုယ့်လုပ်ငန်းမှာပဲ ပိုမိုအာရုံစိုက်ပြီး နောက်ထပ်အမြင့်တစ်ခုကို ရအောင်တွန်းအားနဲ့လုပ်မယ်။

(၁၅)။  အိမ်ထောင်ပြုခြင်းအပေါ်သင့်ရဲ့ သဘောထားက ဘာလဲ။

(က) ကျွန်တော်တို့နှစ်ယောက်ကချစ်ကြတယ်။ဘယ်တော့မှ ကွာရှင်းကြမှာမဟုတ်ဘူး။(ခ) ကျွန်တော့်ဇနီးက ကျွန်တော့်ကိုချစ်ပါတယ်။ တကယ်လို့ ကွဲပြဲခဲ့ရင်တောင် အခင်အမင်မပျက် ပြီးသွားမယ်လို့ ယုံကြည် ပါတယ်။ (ဂ)ကွာရှင်းတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ခုချိန်မှာတော့ဒါကို မစဉ်းစားချင်ဘူး။(ဃ)ကျွန်တော့်အိမ်ထောင်ဖက် ကို ချစ်ပါတယ်။ ကွဲပြဲပြီးလည်းအဆုံးမသတ်ချင်ဘူး။ဒါပေမယ့် ဒါ အရေးပေါ်ဖြစ်လာမယ်ဆိုရင်လည်း ကျွန်တော့် ငွေကြေးအခြေအနေကို ကာကွယ်ဖို့  နှစ်ဦးသဘောတူကြိုတင် လက်မှတ်ထိုးထားပါတယ်။

အထက်မှာကြိုတင်ရေးထားခဲ့သလို မေးခွန်းတွေဟာ အမေရိကန်လူမှုစရိုက် တွေပါဝင်နေပေမယ့် တကယ်တန်းကိုယ့်ဖာသာရိုးရိုးသားသားဆန်းစစ်ပြီးဖြေဆိုကြည့်မယ်ဆိုရင် ကိုယ်ဘယ်လို လူမျိုးလဲ၊ ချမ်းသာကြွယ်ဝပြီးအောင်မြင်မယ့်သူတစ်ယောက်ဟုတ်ရဲ့လားဆိုတာကို အကဲဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်။ အဖြေတိုင်းကို (က)ဆိုရင် (၁)မှတ်၊(ခ)ဆိုရင်(၂)မှတ်၊(ဂ)ဆိုရင် (၃)မှတ်နဲ့ (ဃ) ဆိုရင်တော့ (၄) မှတ်ပေးပါ။

အမှတ်ပေါင်း ၁၅ ကနေ ၂၅ ထိရတယ်ဆိုရင်တော့ “ညံ့”အဆင့်သတ်မှတ်ပြီး ထရန့်က သင့်ရဲ့အဓိကကျတဲ့စိတ်နေသဘောထားကို ပြန်လည်ပြုပြင်ဖို့ အကြံပြုပါတယ်။ တကယ်လို့ အမှတ်ပေါင်း ၂၆ ကနေ ၃၅ အထိရမယ်ဆိုရင်တော့ “သာမန်” အဆင့်လို့သတ်မှတ်ပြီး သင့်ရဲ့စိတ်နေသဘောထားကို ရှေ့တစ်ဆင့်တိုးမြှင့်ဖို့ အကြံပြုပါတယ်။ ရမှတ် ၃၆ ကနေ ၄၅အထိရမယ်ဆိုရင်တော့ “ကောင်း”အဆင့် စွမ်းအားရှိတယ်လို့သတ်မှတ်ပါတယ်။ဒါပေမယ့် တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ ထရမ့်က ဆိုပါတယ်။ နောက်ဆုံးရမှတ် ၄၆ ကနေ ၆၀ အထိ ရပြီဆိုရင်တော့ သင်က အဆင့်အတန်းကြီးကြီးမားမားဖြစ်လာဖို့ အဆင်သင့်ဖြစ်ပြီမို့ ဇက်ကုန်လွှတ်လိုက်တော့လို့ ထရန့်က အကြံပြုပါတယ်။ သင်ဘယ်လို လူလဲဆိုတာ ထရမ့်ရဲ့ မေးခွန်းတွေကို ရိုးသားစွာဖြေရင်း စမ်းသပ်အကဲဖြတ်လိုက်ပါတော့။ အောင်မြင်ကြီးပွားကြပါစေ။

Ref: TRUMP-THINK BIG

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: