Home How To အစားနဲ့ပါးစပ်မပြတ်တာကို ဘယ်လိုလျော့ချမလဲ

အစားနဲ့ပါးစပ်မပြတ်တာကို ဘယ်လိုလျော့ချမလဲ

0
အစားနဲ့ပါးစပ်မပြတ်တာကို ဘယ်လိုလျော့ချမလဲ

တချို့လူတွေမှာ အစားအသောက်ကို ပါးစပ်နဲ့ မပြတ် စားသောက်ချင်တဲ့ အကျင့်တွေရှိတတ်ကြပါတယ်။ အဲ့ဒီအကျင့်ကြောင့် ခန္ဓာကိုယ်က ရှိသင့်တာထက် ပိုဝလာတတ်ပါတယ်။ ဒါက အစားအသောက်ကို အနံ့ရလေလေ၊ အစားစားချင်စိတ်ကို တွန်းအားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာလေလေ ဖြစ်တာကြောင့်ပါ။ အစားစားချင်စိတ် ပြင်းပြနေရင် အောက်ပါအချက်တွေအတိုင်း ဆောင်ရွက်ကြည့်ပါ။

စပျစ်သီးစားပါ

တမင်းစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ဗိုက်ဆာနေရင် စပျစ်သီးစားပေးပါက သုံးလအကြာမှာ ကိုယ်အလေးချိန် ၃.၆ ပေါင်နီးပါးလျော့သွားတယ်လို့ အာဟာရနှင့် ဇီဝရုပ်ဖြစ်ပျက်မှု အကြောင်းလေ့လာမှုတစ်ရပ်အရ သိရပါတယ်။

အာလူးပြုတ်စားပါ

အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာ အစားစားချင်စိတ်ကိုလျော့ကျစေတဲ့ အစွမ်းအာနိသင်ပါဝင်နေပါတယ်။ အာလူးကိုချေဖျက်နေစဉ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကြားမှာ ကြာကြာရှိနေတာကြောင့် ဆာလောင်တဲ့စိတ် လျော့ပါးသွားတာဖြစ်ပါတယ်။ အာလူးပြုတ်ကို ရှာလကာရည်နဲ့ သုတ်ပြီး ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

နံနက်စာမှာ ပရိုတင်း အသားဓာတ်ပါဝင်အောင် စားပါ။

လူအများစုဟာ နံနက်စာကိုဖြစ်သလို စားတတ်တဲ့ အကျင့်ရှိကြပါတယ်။ တကယ်ဆိုရင် နံနက်စာကို ပရိုတင်းဓာတ်ပါဝင်အောင် စားမှသာ ဗိုက်ပြည့်ပြီး တစ်နေ့လုံးလည်း ဗိုက်ဆာတာ နည်းသွားမှာပါ။ နံနက်စာမှာ ပဲ ဒါမှမဟုတ် အသားတစ်မျိုးမျိုးပါအောင် စားပါ။

ချွေးထွက်အောင် လှုပ်ရှားပါ။

ပြေးခြင်း၊ လမ်းလျောက်ခြင်း၊ စက်ဦးစီးခြင်း စတဲ့ လှုပ်ရှားမှုတွေကို ချွေးထွက်သည်အထိ လုပ်ဆောင်ပေးတာဟာ ခန္ဓာကိုယ်ထဲမှာ ဆာလောင်မှုကို ထိန်းပေးတဲ့ ဟော်မုန်းတစ်မျိုး ထွက်စေပြီး ဆာလောင်စေတဲ့ Ghrelin ဟော်မုန်း ထွက်ရှိမှုကို နည်းစေပါတယ်။ တစ်နေ့မှာ တစ်နာရီခန့် ချွေးထွက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

သကြားမပါသော ပီကေ ၀ါးပါ။

ပီကေဝါးတာဟာ ဦးနှောက်နဲ့ ဆက်သွယ်ထားတဲ့ မေးရိုးရှိ နာ့ဗ်ကြောကို လှုံ့ဆော်ပေးတဲ့ အတွက် အာသာပြေမှုကို ဖြစ်ပေါ်စေပါတယ်။ သကြားမပါတဲ့ ပီကေကို ၀ါးပေးရင် အချိန်တစ်နာရီလျှင် ၁၁ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: