Home Knowledge လက်ပ်တော့ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းက အရေပြားလောင်ကျွမ်းမှု ဖြစ်ပေါ်နိုင်

လက်ပ်တော့ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းက အရေပြားလောင်ကျွမ်းမှု ဖြစ်ပေါ်နိုင်

0
လက်ပ်တော့ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းက အရေပြားလောင်ကျွမ်းမှု ဖြစ်ပေါ်နိုင်

ဗြိတိန်နိုင်ငံ၌ လက်ပ်တော့ကို တစ်နာရီလျှင် နာရီ အနည်းငယ်ကြာ အသုံးပြုခဲ့သည့် ယောက်ျားလေးတစ်ဦးတွင် အရေပြားလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လေ့လာမှုများပြုလုပ်ခဲ့ရာတွင် လက်ပ်တော့အောက်မှ အပူချိန်သည် ၅၂ဒီဂရီစင်တီဂရိတ်ထိရောက်ရှိနိုင်ကြောင်းနှင့် ယင်းသို့လောင်ကျွမ်းမှုက အရေပြားကင်ဆာဖြစ်ပွားခြင်းသို့ပင် ဦးတည်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

လက်တော့ပ်များ ပေါင်ပေါ်တင်ကာ အသုံးပြုခြင်းကြောင့် အရေပြားအရောင်သည် ထာဝရပြောင်းလဲသွားပြီး အချို့လူများတွင် ကင်ဆာရောဂါပင် ဖြစ်နိုင်သည်ဟု ဆရာဝန်များက သတိပေးခဲ့သည်။ ကွန်ပျူတာမှထွက်ပေါ်သော အပူကြောင့် အရေပြားတွင် အနီကွက်များဖြစ်ပေါ်ပြီး Toasted Skin Syndrome ဟူသည့် အခြေအနေတစ်ရပ်ကိုဖြစ်ပွားစေသည်။ ၁၂နှစ်သားအရွယ် ယောကျာ်းလေးသည် နေ့စဉ်နာရီအနည်းငယ်ကြာ ပေါင်ပေါ်တွင် လက်ပ်တော့ တင်လျက် လပေါင်းများစွာ ဂိမ်းကစားခဲ့ရာ အရေပြားတွင် ရေမြုပ်ကဲ့သို့ အကွက်များ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ရသည်။

အမေရိကန် ကျောင်းသူတစ်ဦးသည်လည်း လက်ပ်တော့ အသုံးပြုမှုကြောင့် ခြေထောက်တွင် အရေပြားများ အရောင်ပြောင်းလဲသွားကြောင်းတွေ့ရှိခဲ့ရသည်။ သူသည် လက်ပ်တော့ကို ပေါင်ပေါ်တွင် တစ်နေ့လျှင် ခြောက်နာရီကြာအောင် ထားပြီးအလုပ်လုပ်ခဲ့သောကြောင့် ဖြစ်သည်။ လက်ပ်တော့အောက်မှ အပူချိန်သည် ၉၂ ဒီဂရီစင်တီဂရိတ်ထိ ရှိကြောင်း သိခဲ့ရပြီး လောင်ကျွမ်းခံရသော အရေပြားကို အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ခဲ့ရာ နေရောင်ကြာရှည်စွာ ထိတွေ့မှုကြောင့်ဖြစ်ပေါ်သော နေလောင်ဒဏ်ရာများနှင့်တူကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ပေါင်ပေါ် လက်ပ်တော့တင်ကာ အသုံးပြုခဲ့သောကြောင့် အရေပြားမှာ ရင့်မှောင်သွားပြီး ပြန်လည် ပြောင်းလဲနိုင်ခြင်းမရှိတော့ကြောင်းကို တွေ့ရှိချက်များအရ သိခဲ့ရသည်။ ဘေဆယ်တက္ကသိုလ်ဆေးရုံမှ ဆွစ်ဇာလန် သုတေသနပညာရှင်များ၏ လေ့လာချက်အရ လက်ပ်တော့ကြောင့် အရေပြားကင်ဆာဖြစ်ပွားသူများပင်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: