Home Lifestyle Health ပန်းသေ ပန်းညိုး ရောဂါ မဖြစ်စေဖို့

ပန်းသေ ပန်းညိုး ရောဂါ မဖြစ်စေဖို့

0
ပန်းသေ ပန်းညိုး ရောဂါ မဖြစ်စေဖို့

ပန်းသေ ပန်းညှိုးရောဂါ အများစုက စိတ်ပိုင်းဆိုင်ရာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အမျိုးသားတွေမှာ လိင်ဆက်ဆံမှုထိခိုက်စေနိုင်ပေမဲ့ အခြေခံရောဂါ ဒါမှမဟုတ် ဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်တွေကြောင့် ပန်းသေပန်းညှိုးရောဂါ အဖြစ်များကြောင်း လေ့လာချက်တွေအရ သိရပါတယ်။

လေ့လာမှုတွေအရ တွေရှိခဲ့တာက ဆီးချိုသွေးချိုရောဂါ၊ သွေးလွှတ်ကြော အတွင်းပိုင်းတွေ မာကြောတာ၊ ဟော်မုန်းမညီမျှဖြစ်တာ စတဲ့ ကျန်းမာရေးပြဿနာတွေဟာ ပန်းသေ ပန်းညှိုးဖြစ်စေတဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။
အယ်လ်ကိုဟော၊ နီကိုတင်း၊ မူးယစ်ဆေးဝါးနဲ့ ရောဂါကုဆေးဝါးတစ်ချို့ သုံးစွဲတာကြောင့်လည်း ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ လိင်တံသို့သွားတဲ့ သွေးလွှတ်ကြောငယ်အပါအဝင် သွေးကြောငယ်တွေကိုပါ ကျဉ်းစေတာကြောင့် သွေးစီးဆင်းမှုကို နှေးကွေးစေပါတယ်။ သွေးတိုးရောဂါကုသဆေးဝါး၊ အစာအိမ်နာအတွက် အက်ဆစ်တား ဆေးဝါး၊ စိတ်ကျရောဂါကုသဆေးနဲ့ အိပ်ဆေးတွေဟာ ပန်းသေ ပန်းညှိုးရောဂါကို အဖြစ်များစေတဲ့ ဆေးဝါးတွေဖြစ်ကြပါတယ်။

ပန်းသေပန်းညှိုးရောဂါကုသတဲ့ အခါမှာ Sildenafil Citrate ကို သုံနိုင်ပါတယ်။ ဒါ့အပြင် ပန်းညှိုးရောဂါကို သက်သာစေတဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

၁။ ဇင့်ဓာတ်

ဇင့်ဟာ မျိုးဆက်ပွား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မရှိမဖြစ် သတ္တုဓာတ်လို့တောင် တင်စားကြပါတယ်။ အမျိုးသားတွေရဲ့ သုက်ရည်ထဲမှာ ဇင့်ဓာတ်ကို အများအပြားတွေ့ရတာကြောင့် အမျိုးသားတွေရဲ့ လိင် ကျန်းမာရေးတွက် အရေးကြီးတာပဲဖြစ်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကတော့ ကမာကောင်၊ အသား၊ ဥအမျိုးမျိုး၊နို့အမျိုးမျိုး၊ အခွံမာသီးနဲ့၊ အခွံမချွတ်ထားတဲ့ ကောက်နှံသီးတစ်ခုလုံးတို့ပဲ ဖြစ်ပါတယ်။ ဇင့်ဓာတ်က ခန္ဓာကိုယ်မှာ လိုအပ်တာထက်များနေရင် ကယ်လ်စီယမ်နဲ့ ကော့ပါး စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ။

ကိုယ်အလေးချိန် ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့က အလွန်အရေးကြီးပါတယ်။ အဝလွန်ခြင်းက ဆီးချိုသွေးချိုရောဂါဖြစ်နိုင်တာကြောင့် ပန်းသေပန်းညှိုးရောဂါကို ဦးတည်စေနိုင်ပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ အဝလွန်တာဟာ ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပြည့်ဝဆီပါဝင်မှုများတဲ့ အစားအသောက်တွေကလည်း သွေးလွှတ်ကြောမာကြောခြင်းကိုဖြစ်စေနိုင်ပြီး နှလုံး နှင့် လိင်တံတွေဆီကိုသွားတဲ့ဘ သွေးကြောတွေမှာ အဆီပိတ်ဆို့မှုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အယ်လ်ကိုဟောလ်နဲ့ ပြည့်ဝဆီပါတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: