Home Knowledge သင်သိထားရမယ့် ခန္ဓာကိုယ်အရေပြားတွေရဲ့အကြောင်း

သင်သိထားရမယ့် ခန္ဓာကိုယ်အရေပြားတွေရဲ့အကြောင်း

0
သင်သိထားရမယ့် ခန္ဓာကိုယ်အရေပြားတွေရဲ့အကြောင်း

ကိုယ်ခန္ဓာ အစိတ်အပိုင်းလို့ပြောလိုက်ရင် ဦးနှောက်၊ နှလုံးနဲ့ ကလီစာတွေကိုသာ ပြေးမြင်တတ်ကြပါတယ်။ မြင်သာထင်သာရှိတဲ့ အရေပြားကိုတော့ ကျော်သွားတတ်ကြပါတယ်။ တကယ်တော့ အရေပြားဟာ ခန္ဓာကိုယ်မှာ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းပါပဲ။ ခန္ဓာကိုယ် တစ်ခုလုံးကို အလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ထားတဲ့ အရေပြားဟာ စတုရန်းလက်မ ၃၁ဝဝကျော်ထိ ဖုံးအုပ်ထားပါတယ်။ တခြား အင်္ဂါအစိတ်အပိုင်းတွေကလည်း သူ့နေရာနဲ့သူ နေရာ အနည်းငယ်သာယူထားပေမဲ့ အရေပြားကတော့ အလွှာပါးလေးဖြစ်အောင် ဆွဲဆန့်နိုင်သမျှဆွဲဆန့်ပြီး ခန္ဓာကိုယ်ကို ဖုံးထားခြင်းဖြစ်ပါတယ်။ အရေပြားစတုရန်းတစ်လက်မချင်းစီမှာ ချွေးဂလင်းကနေ နာ့ဗ်ကြောတွေ အထိ ဖွဲ့စည်းပုံရှိပြီး သူတိုရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။

အရေပြားမှာ တစ်သျူး နှစ်လွှာရှိပါတယ်။ အောက်တစ်လွှာက ပိုထူပြီး Corium လို့ခေါ်ပါတယ်။ အပေါ်တစ်လွှာ Epidermis လို့ခေါ်တဲ့ နူးညံ့တဲ့ တစ်သျူး အလွှာဖြစ်ပါတယ်။ ဒီအလွှာ နှစ်ခုတွဲနေပုံကလည်း ထူးခြားပါတယ်။ အောက်အလွှာမှာ ငုတ်လေးတွေပါရှိပြီး အပေါ်အလွှာထဲ တိုးဝင်ကာ ကုတ်ထားတာကြောင့် အလွှာနှစ်ခု ပူးကပ်ပြီးရှိနေပါတယ်။ ဒီငုတ်လေးတွေ ဟာ အတွန့်အခေါက်ပုံရှိတာကြောင့်အရေပြားတစ်ချို့နေရာတွေမှာ ဒီဇိုင်းလိုဖြစ်ပေါ်နေပါတယ်။ လက်ဗွေရာက ဒီလို အတွန့်အခေါက်ကြောင့် ဖြစ်လာတာပါ။

အပေါ်လွှာမှာ သွေးကြောမရှိပါဘူး။ ဆဲလ်တွေသေသွားပြီး အရေခွံတွေ အဖြစ်ပြောင်းလဲ ဖွဲ့စည်းနေတာပါ။ အပေါ်လွှာက ခန္ဓာကိုယ်ကို ကာကွယ်ပေးသလို သွေးကြော၊ နာ့ဗ်ကြောမရှိတာကြောင့် တော်ရုံတန်ရုံ နာကျင်မှုကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ် အပူအအေးကိုလည်းထိန်းညှိပေးပါတယ်။

ဒါပေမဲ့ အောက်အလွှာကတော့ အသက်ရှိနေပါတယ်။ သူတို့ရဲ့အလုပ်ကတော့ ဆဲလ်အသစ်တွေ မွေးဖွားပေးပါတယ်။ ဆဲလ်အသစ်တွေကို အပေါ်သို့ တွန်းတွန်းပို့ပေးနေတာကြောင့် အပေါ်ရောက်တဲ့အခါ သူတို့ရဲ့အာဟာရ အရင်းအမြစ်ကနေ ခွဲထွက်လိုက်ရတာကြောင့် သေကုန်ပြီး အရေခွံတွေဖြစ်ကုန်တာပါ။

အပေါ်ယံ အလွှာရှိ ဆဲလ်သေတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်အပြုအမူ တွေကြောင့် တစ်နေ့ကို သန်းနဲ့ချီပြီး ဖယ်ရှား ခံနေရပါတယ်။ အောက်အလွှာက ဆဲလ်သစ်တွေကိုလည်း သန်းနဲ့ချီပြီး ထုတ်လုပ် ပေးနေတာကြောင့်လည်း အဆင်ပြေနေရတာပါ။ ဒီလိုဆဲလ်အသစ်ပြောင်းလဲမှုကြောင့်လည်း အရေပြားတွေ နုပျိုနေခြင်းဖြစ်ပါတယ်။

အရေပြားမှာ ဆဲလ်သေအလွှာ ၃ဝရှိပါတယ်။ ဆေးကြောခြင်း၊ ပွတ်တိုက်ခြင်းကြောင့် အပေါ်ဆုံးအလွှာ  ကွာသွားတိုင်း အောက်အလွှာက အသစ်ဖြစ်ပေါ်လာပါတယ်။ ဒီအလွှာ အားလုံးကို ဘယ်လိုမှ အကုန်မသုံးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလွှာသစ်တွေက အောက်ခြေမှာအမြဲလိုလို ဖြစ်ပေါ်လာတာကြောင့်ပါ။ ဒီလိုအသစ်ပေါ်လာတာကြောင့်လည်း အရေပြားပေါ်ရှိ အညစ်အကြေး အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပြီး သန့်ရှင်းအောင်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: