
အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ လိင်ကိစ္စမှာ စိတ်မဝင်စားပဲ ငြင်းဆန်တဲ့ အကြောင်းအရင်း တွေကတော့ အောက်ပါ အချက်တွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။
သွေးစီးဆင်းမှု လျော့နည်းခြင်း
ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွေဟာ မမျိုးပွား အင်္ဂါဆီသို့ သွေးစီးဆင်းမှု ဟန့်တားပေးနိုင်တဲ့ ကျန်းမာရေးပြဿနာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှု လျော့နည်းကာ အိမ်ထောင်ရေးမှာ စိတ်မပါဖြစ်ရတတ်ပါတယ်။
ဟော်မုန်းဆိုင်ရာ ကိစ္စများ
သွေးဆုံးတာ၊ မိခင်နို့တိုက်ကျွေးတာ၊ သန္ဓေတားဆေး သုံးတာနဲ့ သိုင်းရွိုက် ပြဿနာတွေကြောင့် လိင်ဆန္ဒကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများ
စိတ်ကျကုသဆေး တစ်ချို့နဲ့ Tamoxifen လို ကင်ဆာဆေးသွင်းရာမှာ သုံးတဲ့ ဆေးတွေကြောင့်လည်း ကာမကိစ္စကို စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။
နာ့ဗ်ကြောထိခိုက်မှု
ပါကင်ဆန်ရောဂါနဲ့ Multiple Sclerosis လို နာ့ဗ်ကြောထိခိုက်မှုတွေ ရှိတာကလည်း လိင်ဆန္ဒလျော့နည်းတတ်ပါတယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ဓာတ်ကျတာကြောင့်လည်း စိတ်မပါတာမျိုးဖြစ်တတ်ပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ လိင်ဆန္ဒလျော့နည်းနေရင် အခြေခံကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။