
မလေးရှား လူငယ်နှင့် အားကစားရေးရာဝန်ကြီး ခိုင်ရီဂျမာ လက်ဒင် မှ ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံမှ ပူးတွဲ အိမ်ရှင် အဖြစ်ကျင်းပသော ဆူဇူကီးဘောလုံးပြိုင်ပွဲကို ဆန္ဒပြမည်ဟု ပြီးခဲ့သော ရက်သတ္တပတ်မှ ပြောကြားခဲ့သည်။ ထို့ကြောင့် အာရှဘောလုံး အသင်းချုပ်မှ ထိုကိစ္စနဲ့ပတ်သတ်၍ သတိပေးခဲ့ပါတယ်။ မလေးရှားအသင်းမှ နောက်ဆုံးအုပ်စုပွဲတွင် မကစားဘဲ ဆန္ဒပြ ပါက နောက်ပွဲတွေမှာ ယှဉ်ပြိုင်ဝင်ရောက်ခွင့်ကို ပိတ်သွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းအရ နောင်လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲကို နှစ် ကြိမ်တိုင်တိုင် ကစားခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ် လို့ ဘောလုံးအသင်းချုပ်က သတိပေးပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်တဲ့ အရေးကိစ္စနဲ့ပတ်သတ်ပြီး ဘင်္ဂလီတွေအပေါ် မြန်မာအစိုးရ ရဲ့ ပြုမူဆက်ဆံပုံနဲ့ပတ်သတ်ပြီး မကျေနပ်၍ မလေးရှား လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးက အားကစားနဲ့ နိုင်ငံရေးကို ရောချပြီး ဆန္ဒပြခြင်းဖြစ်ပါတယ်လို့ နိုင်ငံခြားမီဒီယာများ မှ ဖော်ပြခဲ့ပါတယ်။