Home Lifestyle စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ

စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ

0
စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ

စိတ်ထဲမှာ တင်းကြပ်မှုတွေ များနေသလား။ သက်ပြင်းကို အခါခါချမိနေသလား။ ဒီလို စိတ်ဖိစီးမှုများတာကြောင့် ပိုပြီး ပင်ပန်း နွမ်းနယ်ရတတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်ရလေအောင် တစ်မိနစ်တောင်မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ စိတ်အပန်းပြေသွားစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းများကို အကြံပြုပေးလိုက်ပါတယ်။

မျက်နှာကျက်ကို မော့ကြည့်ပြီး စက္ကန့်၆ဝမှ နောက်ပြန် ရေတွက်ပါ။

အပေါ်ကို ငေးကြည့်တာက ခန္ဓာကိုယ်ရဲ့ Parasympathetic Nervous System ကို လှုံဆော်ပေးတာကြောင့် သွေးဖိအားလျော့ကျကာ အသက်ရှူ နှုန်း ပိုကောင်းသွားစေပါတယ်။ ၆၀- ၅၉- ၅၈ စသည်ဖြင့် ၁ အထိရေတွက်တာက စိတ်အနှောင့်အယှက်ဖြစ်တာကို လွင့်ပြယ်သွားစေပါတယ်။

မှတ်စု စာအုပ်ထဲမှာ ပူပင်သောကများရေးချပါ။

စာမျက်နှာတစ်ခုထဲမှာ သင့်ရဲ့ ပူပင်သောကတွေကို ရေးချလိုက်တာက စိတ်ပေါ့ပါးသွားစေသည့် အပြင် ဘာကိုဆက်လုပ်ရမလဲဆိုတာကိုပါ အကြံဉာဏ်ရရှိစေပါတယ်။

နှာခေါင်း၊ ပါးစပ်မှ တစ်ဆင့် ၁ဝကြိမ် အသက်ရှူပါ။

အသက်ဝ၀ ရှူသွင်းတာက နှလုံခုန်နှုန်းကို နှေးစေပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အေးချမ်း စေပါတယ်။ အသက်ရှူသွင်းနေစဉ်မှာ သင့်ရင်ဘတ်က ဖောင်းလာလိုက်၊ ပြန်ကျသွားလိုက် ဖြစ်နေတာကို အာရုံစိုက်နေတာက အာရုံစူးစိုက်မှု ကောင်းစေပြီး စိတ်ညစ်တာတွေ လွင့်ပါးသွားပါလိမ့်မယ်။

တိမ်များ လွင့်မျောနေသည်ဟု ခံစားကြည့်ပါ။

နေ့စဉ် ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကနေ ယာယီလွတ်မြောက်သွားစေဖို့ မျက်လုံးမှိတ်ပြီး ကောင်းကင်မှာ တိမ်စိုင်တိမ်လိပ်တွေ ရွေ့လျားနေတယ်လို့ ခံစားကြည့်လိုက်ရင် စိတ်တွေ ငြိမ်းချမ်းလာပါလိမ့်မယ်။

ခေါင်းမှ ခြေဖျားထိ ကြွက်သားများကို ဖြေလျော့ပေးပါ။

ကြွက်သားတွေကို ဖြေလျော့ပေးတာကြောင့် စိတ်ဖိစီးမှုကို တိုက်ရိုက်မဟုတ်တဲ့ နည်းလမ်းနဲ့ ပြေပျောက်သွားစေပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်မှာ နာကျင်မှု နဲ့ သက်သောင့် သက်သာမရှိမှုတို့ လျော့ပါးသွားပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: