
တစ်ချိန်က မိုဘိုင်းလ်ဖုန်းလောကရဲ့ ဘုရင်တစ်ဆူ ဖြစ်ခဲ့တဲ့ Nokia ဟာ လာမယ့် ၂၀၁ရခုနှစ် ဖေဖော်ဝါရီ မှာ စမတ်ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။ ယခုအခါ Nokia ဟာ သူ့ရဲ့စမတ်ဖုန်းကို Android OS ကို အသုံးပြု ထုတ်လုပ်ရောင်းချတော့မှာ ဖြစ် ပါတယ်။ Nokia ဟာ ယခုအသစ်ထွက်ရှိမယ့် စမတ်ဖုန်းကို MWC 2017 ( Mobile World Congress) မှာ ပြသသွားမှာဖြစ်ပြီး ပွဲအပြီး မှာ တစ်ခါထဲ စျေးကွက်ကို တင်ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယခု အသစ်ထွက်ရှိမယ့် Nokia ရဲ့ စမတ်ဖုန်းအသစ်ရဲ့ ဒီဇိုင်းဟာ အခြားဖုန်းဒီဇိုင်းများနှင့်မတူ ခွဲထွက်နေပြီး မိုဘိုင်းလ်စျေးကွက်ကို ပြန် လည်ဦးမော့ လာဖို့ မျှော်လင့်ချက်များစွာရှိနေပါတယ်။ Android version 7 ဖြစ်တဲ့ Nougat ဖြင့် ထောက်ပံ့ထားပြီး မျက်နှာပြင် ၅.၅ လက်မ နဲ့ ၅.၂ လက်မ အရွယ်အစား ၂မျိုး ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ 1.4GHz အမြန်နှုန်းရှိသော Qualcomm Snapdragon 430 CPU Processor, RAM 3 GB, အချက်အလက် သိမ်းဆည်းရန်အတွက် 16GB သို့မဟုတ် 32GB ၊ 16 Mega-Pixel အရည်အသွေး ရှိတဲ့ ကင်မရာ တို့ဖြင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် IP68 Water and Dust Resistance ဖြစ်တဲ့အတွက် ရေစို ဒဏ်နဲ့ ဖုန်ဒဏ် တို့ကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးရေထဲမှာလဲ ဖုန်းပြောနိုင်ပါသေးတယ်။ အောက်ပါပုံကတော့ သတင်း ပေါက်ကြားမှုများအရ Nokia ရဲ့ အသစ်ထွက်ရှိမယ့် စမတ်ဖုန်းပုံတွေ ဘဲ ဖြစ်ပါတယ်။