Home News ရခိုင်ပြည်နယ်အရေးကြောင့် ဆူဇူကီးဖလားကို မလေးရှားမှ သပိတ်မှောက်ရန်စီစဉ်

ရခိုင်ပြည်နယ်အရေးကြောင့် ဆူဇူကီးဖလားကို မလေးရှားမှ သပိတ်မှောက်ရန်စီစဉ်

0
ရခိုင်ပြည်နယ်အရေးကြောင့် ဆူဇူကီးဖလားကို မလေးရှားမှ သပိတ်မှောက်ရန်စီစဉ်

မလေးရှား လူငယ်နှင့် အားကစားရေးဝန်ကြီး ခိုင်ရီဂျမာလက်ဒင် က ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အရေးကိစ္စတွေနဲ့ပတ်သတ်ပြီး ပူးတွဲ အိမ်ရှင် အဖြစ် မြန်မာနိုင်ငံက ကျင်းပနေတဲ့ ဆူဇူကီး ဘောလုံး ပြိုင်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တ ပတ် အတွင်း မလေးရှားအစိုးရအဖွဲ့အစည်း မှာ ခိုင်ရီဂျမာလက်ဒင် မှ ထိုကိစ္စကို ဆွေးနွေးတင်ပြသွားတာဖြစ်ပြီး ယခုလာမည့် အစည်း အဝေးမှာလဲ ထပ်မံတင်ပြ ဆွေးနွေးအုံးမှာဖြစ်ပါတယ်လို့ မလေးရှား လူငယ်နှင့် အားကစားရေးရာဝန်ကြီး ခိုင်ရီဂျမာလက်ဒင် က ပြော ကြားခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ မြန်မာနဲ့ မလေးရှား အသင်း နောက်ဆုံးအုပ်စု ပွဲစဉ်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိမည့် အသင်းက နောက်ထပ် ပွဲစဉ်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ အားကစား နှင့် နိုင်ငံရေး၊ လူမျိုးရေး ကိစ္စများပါ ဆက်နွယ်လာပြီး ယခု ကျင်းပ နေသည့် ဆူဇူကီး ဘောလုံးပွဲစဉ်ကိုပါ ဆန့်ကျင့်ဖို့ မလေးရှား လူငယ်နှင့် အားကစားရေးရာ ဝန်ကြီး ခိုင်ရီဂျမာလက်ဒင် က ပြောကြားလာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: