Home How To သင့်ကို First Impression ကောင်းစေမယ့် နည်းလမ်း (၇) သွယ်

သင့်ကို First Impression ကောင်းစေမယ့် နည်းလမ်း (၇) သွယ်

0
သင့်ကို First Impression ကောင်းစေမယ့် နည်းလမ်း (၇) သွယ်

အထင်အမြင်ကောင်းဖို့ (Impression) ဆိုတာ အလွန် အရေးကြီးပါတယ်။ လူလူချင်း လေးစား အားကျ စိတ်ဝင်မှသာ ပေါင်းသင်း ဆက်ဆံရေးက အမြဲပြေပြစ် နေမှာပါ။ လူကြားထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ၊ အပေါင်းအသင်းတွေနံ့ ဆက်ဆံပြောဆိုရာမှာသင့်အပေါ် အကာင်းမြင်စေချင်တယ်ဆိုရင် လိုက်နာသင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ တစ်ကိုယ်ရည် သန့်ရှင်းမှု

ရေမှန်မှန် ချိုးပါ။ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေနဲ့ နှုတ်ခမ်းမွှေတွေကို ရိတ်ပြီး သပ်သပ်ရပ်ရပ်နေပါ။ သွားကိုလည်း စနစ်တကျတိုက်ပြီး သန့်စင်ပါ။ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ အတွက် တစ်ခါမှမဆုံဖူးတဲ့လူတစ်ယောက်နဲ့ စတင်တွေဆုံရတဲ့ အခါမျိုးမှာ သန့်ပြန့်အောင် ပြင်ဆင်သွားပါ။ ခံတွင်းနံ့ နံနေတယ်ထင်ရင် ပူရှိန်းရနံ့ပါ သကြားလုံး တစ်လုံး စားသွားပါ။ သင့်အနေနဲ့ ချွေးအလွန်အမင်း ထွက်တတ်ရင် ချွေးထိန်းနံ့ဆေးတောင့်ကို လိမ်းသွားပါ။

၂။ အဝတ်အစား

လူတစ်ယောက်နဲ့ ပထမဆုံးစတွေ့တွေ့ချင်း First Impression ကောင်းဖို့ဆိုရင် အဝတ်အစားက အရေးကြီးပါတယ်။ သင့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက အဝေးကနေ လှမ်းပြီးတွေ့မြင်နိုင်သလို သင့်ဝတ်စုံကို မကြိုက်တာကြောင့် အစည်းအဝေး ကာလအတွင်း ပြန်လဲလို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစတည်းက စမတ်ကျပြီး အဆင်ပြေနေစေမဲ့ ဝတ်စုံမျိုး ရွေးချယ် ဝတ်ဆင်ပါ။

၃။ အပြုအမူ

အလုပ်စားပွဲ၊ ညစာစားပွဲ စတဲ့ လူတွေနဲ့ တွေ့ဆုံနေရတဲ့ အခိုက်မှာ ယဉ်ကျေး သိမ်မွေ့ပြီး လေးလေးစားစား ဆက်ဆံပါ။ စားပွဲပေါ်မှာ တံတောင်ထောက်နေတာ၊ လက်ပေါ် မေးထောက်နေတာ၊ လျော့ရီလျော့ရဲ ထိုင်နေတာ၊ စိတ်ဝင်စားမှု ကင်းမဲ့သလိုနေတာ စတဲ့ အပြုအမူ တွေကို မလုပ်သင့်ပါဘူး။ သူတစ်ပါးအတွက် တံခါးဖွင့်ပေးတာ၊ ပြောတဲ့ စကားကိုလေးလေးနက်နက် နားထောင်တာ၊ သူတစ်ပါးကို ဦးစားပေးတာ စတဲ့ အပြုအမူတွေကို လိုက်နာပေးပါ။

၄။ အပြောအဆို

လူတစ်ယောက် ဘယ်လောက် ပညာတတ်သလဲ၊ ဘယ်လောက် ဉာဏ်ပညာ ကြီးသလဲဆိုတာ သူ့ရဲ့ ပြောပုံဆိုပုံ ကြည့်တာနဲ့ သိနိုင်ပါတယ်။ အစည်းအဝေးမှာ သင့်အနေနဲ့ စကားပြောတဲ့အခါ ကျွန်တော်ပြောပါရစေ ဆိုတဲ့ ခွင့်တောင်းမှုမျိုးအစချီပြီး လူကြားလောက်တဲ့ အသံမျိုးနဲ့ အစချီပါ။

၅။ ဟာသပြောတာခြင်း

ဟာသပြောတာက သင့် အသွင်အပြင်ကို မတောက်ပနိုင်ပေမဲ့ သင့်နဲ့ ဆက်ဆံနေရသူတွေကိုတော့ ပျော်ရွှင်ပေါ့ပါးစေပါတယ်။ လူတိုင်းမှာ မတူညီတဲ့ ဟာသဉာဏ်လေးတွေရှိကြပါတယ်။ လိုအပ်တဲ့ အချိန်မှာ လူတွေပျော်သွားအောင် ဟာသကို အကောင်းမြင်တဲ့ စိတ်နဲ့ ထုတ်သုံးပေးပါ။

၆။ မျှဝေခြင်း

သင်သိထားတဲ့ သတင်းအချက်အလက်၊ ဗဟုသုတစတာတွေကို တခြားလူတွေကိုမျှဝေပေးဖို့ မမေ့ပါနဲ့။ တကယ်လို့ သင်ကူညီနိုင်တာရှိရင် တတ်နိုင်သလောက်အကူအညီပေးလိုက်ပါ။

၇။ နှုတ်ဆက်ခြင်း

ဘယ်သူနဲ့ပဲ တွေ့တွေ့ စတွေ့တွေ့ခြင်း နဲ့ ခွဲခွာခါနီးမှာ နှုတ်ဆက်စကားဆိုပါ။ နေကောင်းရဲ့လား ဆိုတဲ့ စကားနဲ့ အစချီပြီး ပြန်ခါနီးမှာ သွားခွင့်ပြုပါဦး ဆိုတဲ့ စကားမျိုးနဲ့ ခွဲခွာပါ။

အထက်ပါ အချက်များကတော့ ယေဘူယျအားဖြင့်သာ ဖော်ပြထားခြင်းဖြစ်ပါတယ်။ တစ်ကယ်တမ်း လက်တွေ့မှာ ဒီထက်အသေးစိတ်ကျတဲ့ လိုအပ်ချက်တွေရှိနိုင်ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: