Home News ၅စက္ကန့်စာ ဗီဒီယိုတစ်ခုက iPhone တစ်ခုလုံးအား သုံးမရအောင် ရပ်တန့်ပျက်စီးစေနိုင်

၅စက္ကန့်စာ ဗီဒီယိုတစ်ခုက iPhone တစ်ခုလုံးအား သုံးမရအောင် ရပ်တန့်ပျက်စီးစေနိုင်

0
၅စက္ကန့်စာ ဗီဒီယိုတစ်ခုက iPhone တစ်ခုလုံးအား သုံးမရအောင် ရပ်တန့်ပျက်စီးစေနိုင်

၅စက္ကန့်သာ ကြာမြင့်တဲ့ MP4 Video ဖိုင်လေးတစ်ခုက သင့်ရဲ့ iPhone ကို သုံးမရအောင် ရပ်တန့်ပျက်စီးစေနိုင်တယ်ဆိုတာ တစ်ကယ့် ကို မယုံကြည်နိုင်ဖွယ်ရာပါဘဲ။ Reddit အသုံးပြုသူတစ်ယောက်က ဒီအားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အကယ်၍ သူ ပြထား တဲ့ ၅စက္ကန့်စာ ဗီဒီယိုကို iPhone မှာဖွင့်ကြည့်လိုက်မယ်ဆိုရင် ဖုန်းဟာ lock ကျသွားပြီးတော့ ဘာမှလုပ်လို့မရတော့ပါဘူး။ တစ်ခု တည်း သောနည်းလမ်းကတော့ iPhone ကို Hard Reset ပြန်ချရတာဘဲဖြစ်ပါတယ်။ The Verge မှ iOS နောက်ဆုံး ဗားရှင်းဖြစ်တဲ့ iOS 10.1 နဲ့ iOS Beta copies 10.2 တို့အပေါ်မှာ စမ်းသပ်ခဲ့ပြီး စမ်းသပ်ခဲ့တဲ့ ဖုန်းအားလုံး Video ကြည့်အပြီးမှာ သုံးမရတော့ဘဲ Freeze ဖြစ်သွားပါတယ်။

အဲ့ဒီ ၅စက္ကန့်စာကြာမြင့်တဲ့ ဗီဒီယို loop လုပ်ပြီး ကြည့်နေရင်း ၁ဝစက္ကန့်လောက်မှာ ဖုန်းက စပြီး ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်လို့ The Verge မှ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ iOS အတွက် ပထမဆုံးသော ဖြစ်ရပ်မဟုတ်သေးပါဘူး။ ဒါမျိုးနဲ့ဆင်တူတဲ့ ဖြစ်ရပ်မျိုး က iOS 8.4 ဗားရှင်း မှာတုန်းကလဲဖြစ်ခဲ့ဖူးပါတယ်။ String Text ပြဿနာကြောင့် iMessage App သုံးနေရင်းနဲ့ ဖုန်း lock ဖြစ်ခဲ့ဖူးခဲ့တဲ့ ဖြစ် ရပ်တွေရှိခဲ့ပါတယ်။ ယခုလို ဖုန်းတစ်ခုလုံးရပ်တန့်သွားစေတဲ့ Video ကို ကွန်ပြူတာမှာ ဖွင့်ကြည့်တဲ့အခါ လင့်အနေနဲ့ ဒေါင်းလုပ်ဆွဲ တာ သွားတာကို တွေ့ရှိရပါတယ်။ အောက်ပါ Video မှာ iPhone freeze ဖြစ်သွားတာကိုတွေ့ရမှာပါ။

 

အိုင်ဖုန်းကို ရပ်တန့်သွားစေတဲ့ ဗီဒီယိုကို လိုချင်ရင်တော့ အောက်ပါလင့်မှာ ယူနိုင်ပါတယ်။ ဒါပေမယ့် iPhone အသုံးပြုသူများ မစမ်းသပ် ကြဖို့ ကြိုတင်သတိပေးလိုပါတယ်။ အကယ်၍ မယုံလို့ စမ်းသပ်မိရင်တော့ Hard Reset ပြန်ချရမှာဖြစ်ပါတယ်။

https://vk.com/doc106491973_439166823  က အိုင်ဖုန်းကို Freeze လုပ်နိုင်တဲ့ Video Link ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: