Home News Facebook Messenger မှတစ်ဆင့် အချက်အလက် ခိုးယူနိုင်သော Scam ပျံ့နှံ့

Facebook Messenger မှတစ်ဆင့် အချက်အလက် ခိုးယူနိုင်သော Scam ပျံ့နှံ့

0
Facebook Messenger မှတစ်ဆင့် အချက်အလက် ခိုးယူနိုင်သော Scam ပျံ့နှံ့

Facebook messenger သည် လက်ရှိတွင် လူသုံးအများဆုံး App တစ်ခုဖြစ်လာပြီး အချက်အလက်များခိုးယူရန်အတွက် scam တစ်ခု၏ နှောင့်ယှက်ခြင်းကို ရင်ဆိုင်နေရသည်။ ယင်း scam မှာ Messenger App ထဲတွင် SVG ပုံအဖြစ်ပေးပို့ပြီး အန္တရာယ်ရှိသော website အတုထံခေါ်ဆောင်သွားသည်။ ထို တိုက်ခိုက်မှုကို ခံရသော သူမှာလည်း ၎င်းတို့ရဲ့ Messenger တွင်ရှိသော သူငယ်ချင်းများ ထံ အဆိုပါ SVG ပုံများကို အလိုအလျောက်ပေးပို့စေသော နည်းကိုအသုံးပြု၍ တိုက်ခိုက်စေသည်။ ထို SVG ပုံကိုနှိပ်လိုက်လျှင် Youtube website အတု သို့ခေါ်ဆောင်သွားပြီး Video ကြည့်ရှုစေရန် Chrome Extension တစ်ခု ဒေါင်းလုပ်ဆွဲခိုင်းမည်ဖြစ်သည်။

scamming facebook

အဆိုပါ Chrome Extension ကို အသုံးပြုသူမှ ထည့်သွင်းမိလိုက်တဲ့အခါ Chrome Browser တစ်ခုလုံးတွင်ရှိသော အချက်အလက် အားလုံး ကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး ထိုအချက်အလက်တို့သည် ဆိုက်ဘာဒုစရိုက်သမားများထံ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့အပြင် ယင်း Chrome Extension သည် သုံးစွဲသူ၏ Facebook အကောင့်တစ်ခုလုံးကို အပိုင်စီးနိုင်မည်ဖြစ်ပြီး  အကောင့်အတွင်းရှိ သူငယ်ချင်း များထံ အန္တရာယ်ရှိသော SVG ပုံများကို Messenger မှ တစ်ဆင့် ပို့လွှတ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ယင်းပြဿနာကို ရှောင်လွှဲရန် ပို့လိုက်သော ပုံများကို သေချာဂရုစိုက်ပြီးမှ ကလစ်နှိပ်ရန်လိုအပ်ပေမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: