
ပေကျင်း အခြေစိုက် အီလက်ထရွန်းနစ်ကုမ္ပဏီ Xiaomi သည် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျင်းပမည့် CES 2017 တွင် ထုတ်ကုန် အသစ် တစ်ခုမိတ်ဆက်ပြသသွားမည် ဟု ကြေငြာခဲ့သည်။ လက်ရှိတွင် Xiaomi သည် စမတ်ဖုန်းများ၊ ကျန်းမာရေးလက်ပတ်များ၊ လျှပ်စစ် စက်ဘီးများ၊ စမတ် ရေနွေးအိုးများ၊ ထမင်းပေါင်းအိုးများနှင့် စက်ရုပ်ဖုန်စုပ်စက်များ ထုတ်လုပ်နေပြီး တစ်ကမ္ဘာလုံးကို စျေးနှုန်းချိုသာ စွာ ဖြင့် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီဖြစ်သည်။ ထုတ်ကုန် ရောင်းချမှုအများစုကို အင်တာနက်မှ တစ်ဆင့်ရောင်းချလျက်ရှိပြီး လက်ရှိ တွင် အာရှစျေးကွက်တွင် နာမည်ကြီးစိုးမိုးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယ၊ ဘရာဇီး နှင့် အမေရိကန် တို့တွင်လည်း စျေးကွက်ချဲ့ထွင် လျက်ရှိသည်။
Xiaomi သည် ပြီးခဲ့သော ဖေဖော်ဝါရီ လတွင် ကျင်းပခဲ့သော Mobile World Congress ပြပွဲတွင် Mi 5 စမတ်ဖုန်းကို ပြသခဲ့သည်။
Ref : CNET