Home Lifestyle Health မြင့်မားသောအရပ်တွင် နေထိုင်ခြင်းသည် နှလုံးရောဂါကြောင့် သေဆုံးခြင်းကိုလျော့ချပေးနိုင်

မြင့်မားသောအရပ်တွင် နေထိုင်ခြင်းသည် နှလုံးရောဂါကြောင့် သေဆုံးခြင်းကိုလျော့ချပေးနိုင်

0
မြင့်မားသောအရပ်တွင် နေထိုင်ခြင်းသည် နှလုံးရောဂါကြောင့် သေဆုံးခြင်းကိုလျော့ချပေးနိုင်

ကိုရာဒို တက္ကသိုလ်နှင့် ဟားဘတ် တက္ကသိုလ်တို့မှ သုတေသနပညာရှင်များရဲ့ သုတေသနပြုလုပ်ချက်အရ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများသည် မြင့်မားသော နေရာဒေသများတွင်နေထိုင်ပါက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေနည်းပါးကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုရှိ ခရိုင်များတွင် သေဆုံးသည့်မှတ်တမ်းများကို လေးနှစ်ကြာလေ့လာခဲ့ရာမှ ယင်းအချက်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ပေသည်။ လူတို့၏ ပျှမ်းမျှ သက်တမ်းအကြာဆုံး ခရိုင် ၂ဝကို လေ့လာကြည့်ရာ အမျိုးသားများအတွက် ခရိုင် ၁၁ ခုနှင့် အမျိုးသမီးများအတွက် ခရိုင် ၅ခုတို့သည် မြင့်မားသော အရပ်ဒေသများဖြစ်သော ကိုလိုရာဒိုနှင့် ယူတက်ပြည်နယ် တို့ဖြစ်ကြောင်း သိခဲ့ရသည်။ အဆိုပါခရိုင်များတွင် ပင်လည်ရေမျက်နှာပြင် ပျှမ်းမျှအမြင့် ၅၉၆၇ ပေရှိပြီး အဆိုပါဒေသများတွင် အမျိုးသားများသည် ၇၈.၈ နှစ်မှ ၇၈.၂ ကြားအထိနေထိုင်နိုင်ကြပြီး အမျိုးသမီးများမှာ ၈၀.၅ နှစ်မှ ၈၂.၅ နှစ်အကြား နေထိုင်ကြသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: