
Apple ဟာ iMessage App အတွင်းမှာ Siri ကို ထည့်သွင်းအသုံးပြုနိုင်ဖို့ စီစဉ်နေပြီး ငွေပေးချေမှုများအတွက် အသံဖြင့် စေခိုင်းခြင်း၊ ချိန်းဆိုမှုများပြုလုပ်နိုင်ခြင်း၊ ရာသီဥတုအခြေအနေကို မေးမြန်းနိုင်ခြင်း စသည့်လုပ်ဆောင်ချက်မျိုးစုံကို တစ်ဖက်လူနဲ့ စကားပြောနေရင်း တစ်ပြိုင်နက် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ယင်းစနစ်မှာ Facebook ၏ Chatbot စနစ်များနှင့် ဆင်တူပြီး သေချာတာကတော့ Google ရဲ့ Allo နဲ့ပြိုင်ဘက်ကောင်း ဖြစ်လာမှာမလွဲပါဘူး။
လက်ရှိမှာတော့ Siri ဟာ Group Chat အနေနဲ့စကားပြောဆိုနေကြသူတွေရဲ့ အားလပ်ရက်အချိန်တွေကို Calendar App မှ လှမ်းဖတ် ပြီး Group Chat အတွင်းမှ လူအားလုံးရဲ့ အားလပ်ချိန်တွေကို အလိုအလျောက်ရွေးချယ်ကာ အားလုံးအပြင်မှာ တွေ့ဆုံမည့် အချိန်ကို Vote လုပ်ပေးနိုင်ခြင်း၊ PayPal App မှတစ်ဆင့် အသံဖြင့် ငွေလွှဲနိုင်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။ နောက်ပိုင်း မှာတော့ ဒီထက်အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်များစွာပါဝင်လာမှာဖြစ်ပြီး Facebook Chatbot, Google Allo, နဲ့ အခြား AI App တွေနဲ့ ယှဉ်ပြိုင်လာနိုင်တော့မှာဖြစ်ပါတယ်။