Home News Android Smart Phone အသစ်များတွင် ကြီးမားသော လုံခြုံရေးဆိုင်ရာ အားနည်းချက်ရှိနေ

Android Smart Phone အသစ်များတွင် ကြီးမားသော လုံခြုံရေးဆိုင်ရာ အားနည်းချက်ရှိနေ

0
Android Smart Phone အသစ်များတွင် ကြီးမားသော လုံခြုံရေးဆိုင်ရာ အားနည်းချက်ရှိနေ

နည်းပညာလုံခြုံရေး ကုမ္ပဏီ BitSight Technologies မှ Android စမတ်ဖုန်းအသစ် ၃သန်းခန့်တွင် backdoor ပရိုဂရမ်တစ်ခု ပါဝင်နေ ကြောင်းထုတ်ဖော် ခဲ့သည်။ အဆိုပါ backdoor ပရိုဂရမ်မှ တစ်ဆင့် ဖုန်းတစ်လုံးလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး Ragentek firmware ရှိ binary ဖိုင်များအောက်တွင် အယောင်ဆောင်၍ ရှိနေသည်။ တရုတ်ကုမ္ပဏီ Ragentek အုပ်စုသည် ဖုန်းအချင်းချင်း ပေးပို့ သော အချက်အလက်များကို encrypt မလုပ်ထားသည့်အပြင် တရားဝင် App များကို စစ်ဆေးနိုင်ရန် Code Signing ကိုလည်း အသုံးပြုထားခြင်းမရှိပေ။

Infinix, Doogee, Leagoo နှင့် Xolo စမတ်ဖုန်းအပါအဝင် အခြား လူသိနည်းသော Android စမတ်ဖုန်းများတွင်လည်း ယင်း backdoor ပရိုဂရမ် အန္တရာယ်ရှိနေသည်။ ထိုသို့ အားနည်းချက်ရှိသော ဖုန်းအများစုမှာ အာရှတွင်သာမဟုတ်ဘဲ အမေရိကန်နိုင်ငံ တွင်ပါ အများစု ရှိနေကြောင်း BitSight Technologies မှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ကြေငြာချက်ထုတ်ပြန်ခဲ့သော်လည်း ထုတ်ကုန်အများစု မှာ လက်ရှိတွင် update ပေးခြင်းမရှိသေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: