
Facebook မှ နောက်လာမည့် update များတွင် Find Wifi ဟူသော feature အသစ်ကိုထည့်သွင်းမိတ်ဆက်သွားမည်ဖြစ်သည်။ ယင်း Feature မှာ မိမိအနားတွေရှိသော အခမဲ့အသုံးပြုနိုင်သည့် ၀ိုင်ဖိုင်ဧရိယာများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လက်ရှိတွင် ယင်း Feature အား public မထုတ်သေးဘဲ private အနေဖြင့် စမ်းသပ်ဆဲဖြစ်သည်။ iOS သမားများအတွက် Find Wifi feature update ကို အရင်ဆုံး ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Android အသုံးပြုသူများအတွက်ပါ update အဖြစ် ပေါင်းထည့်ပေးသွားမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် စမ်းသပ်ဆဲဖြစ်သောကြောင့် မည်သူမှ Find Wifi feature ကို ရရှိမည်မဟုတ်သေးကြောင်း ကြေငြာခဲ့သည်။