Home How To ဘဝမှာ စိတ်ပျော်ရွှင်မှုရအောင် ဘယ်လိုနေထိုင်မလဲ

ဘဝမှာ စိတ်ပျော်ရွှင်မှုရအောင် ဘယ်လိုနေထိုင်မလဲ

0
ဘဝမှာ စိတ်ပျော်ရွှင်မှုရအောင် ဘယ်လိုနေထိုင်မလဲ

အခုခေတ်မှာ စစ်မှန်တဲ့ပျော်ရွှင်မှု ရဖို့အတွက် လူတွေအနေနဲ့ပိုပိုပြီးခက်ခဲ လာတတ်ပါတယ်။ တကယ်ပျော်ရွှင်တဲ့သူတွေက ကလေးတွေနဲ့ တီထွင်ဖန်တီးသူတွေပဲဖြစ်ပြီး တခြားသူတွေကတော့ နေ့စဉ်ဘဝအမောတွေကြားမှာ ရပ်တည်နိုင်ဖို့ကြိုးစားနေရတာကြောင့် ပျော်ရွှင်မှုကိုရဖို့ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက် အမေးအဖြေကို ဆန်းသစ်မြန်မာက သူငယ်ချင်းတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်မှုကို တိုးမြှင့်စေတဲ့အရာတွေက ဘာတွေလဲ

ပျော်ရွှင်မှုရချင်ရင် အိပ်စက်ပါ။ လေ့လာမှုတစ်ရပ်အရ အိပ်ရေးပျက်ရင် ညောင်းညာ နုံးချိပြီး အလုပ်မှာ စိတ်မပါစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။ နောက်ထပ် ပျော်ရွှင်မှုရဖို့ လုပ်သင့်တာကတော့ လူမှုရေးအသင်းအဖွဲ့တစ်ခုခုနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ပါတယ်။ လူမှုဆက်သွယ်ရေး ကောင်တာဟာ ပျော်ရွှင်မှုအတွက် အဓိကသော့ချက်ပါ။ နောက်တစ်ခုပြောရဦးမယ် ဆိုရင်ဖြင့် အလှူအတန်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ များများပေးကမ်း ရက်ရောလေလေ၊ လုံခြုံမှုပိုရလေလေ ဖြစ်ပါတယ်။

အလှူအတန်းပြုလုပ်ခြင်း

စာရေးတာကတော့ ပျော်ရွှင်မှုကိုရစေနိုင်ပါသလား။

ရစေနိုင်ပါတယ်။ လေ့လာမှုတွေအရ စားသောက်ဆိုင်အသစ်တစ်ခုဒါမှမဟုတ်ပြခန်းအသစ်တစ်ခုကို သွားတာမျိုး လုပ်တာက သမာရိုးကျနေသူတွေထက် ပျော်ရွှင်မှုကိုပိုရစေနိုင်ကြောင်း သိရပါတယ်။

စာရေးခြင်း

တောင်တက်တာလိုမျိုး ကိုယ်မလုပ်ဖူးတဲ့ အလုပ်မျိုးကိုလုပ်တာက ပျော်ရွှင်မှုကို ရစေနိုင်ပါသလား။

ကိုယ်မလုပ်ဖူးတဲ့ စွန်းစားတဲ့ အလုပ်မျိုးကို လုပ်တော့မယ်ဆိုရင် အရင်ဆုံးလေ့လာမှုတော့ လုပ်သင့်ပါတယ်။ မဟုတ်ရင် ကြောက်လန့်စရာကောင်းတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကာ စိတ်ပင်ပန်းစေနိုင်လို့ပါ။

တောင်တက်ခြင်း

အားလပ်ချိန်မှာ ပျော်ရွှင်မှုရအောင် ဘယ်လိုအရာတွေ လုပ်သင့်သလဲ။

၀ါသနာပါတဲ့အရာက သူတစ်ပါးကိုရော၊ သင့်ကိုပါ မထိခိုက်စေဘူးဆိုရင်တော့ လုပ်သင့်ပါတယ်။ ဥပမာ- စာဖတ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာမျိုး၊ ပန်းချီဆွဲတာမျိုး စတာတွေကို လုပ်ပေးရင် သင့်စိတ်ကို ပျော်ရွှင်မှုရစေမှာပါ။

ယောဂကျင့်ခြင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: