
တရုတ်အခြေစိုက် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီဖြစ်သော Xiaomi သည် ပြီးခဲ့သည့် လက Screen to body ratio ၉၁.၃ ရာခိုင်နှုန်း ရှိသော ဘောင်ပျောက် မိုဘိုင်းလ်ဖုန်း Mi Mix ကို ထုတ်လုပ်ခဲ့ပြီး ယခုအချိန်တွင်မူ သတင်းပေါက်ကြားမှုများအရ Mi Mix version အသစ် တစ်မျိုး မိတ်ဆက်ထုတ်လုပ်နိုင်သည်ဟု သိရသည်။ တရုတ်နိုင်ငံမှာ မိုဘိုင်းလ်ဖုန်း Tipster တစ်ဦး၏ ပြောကြားချက်အရ မျက်နှာ ပြင်အကျယ် ၅.၅ လက်မရှိသော Mi Mix Nano ကို Xiaomi မှ မကြာမှီ မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။
Mi Mix nano ၏ screen to body ratio မှာ ၉ဝရာခိုင်နှုန်းဖြစ်ပြီး Qualcomm Snapdragon 821 CPU ၊ RAM 4GB၊ သိုလှောင်မှု ပမာဏ 64GB နှင့် Android version 6 Marshmallow တို့ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရောင်းချမည့်စျေးနှုန်းမှာ ယွမ် ၃၀၀၀ ဝန်းကျင်ခန့်ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။