Home How To စိတ်ကြည်လင်လန်းဆန်းစေဖို့ နည်းလမ်းအသွယ်သွယ်

စိတ်ကြည်လင်လန်းဆန်းစေဖို့ နည်းလမ်းအသွယ်သွယ်

0
စိတ်ကြည်လင်လန်းဆန်းစေဖို့ နည်းလမ်းအသွယ်သွယ်

စိတ်မကြည်လင်တဲ့အခါ အလုပ်လုပ်တဲ့အခါ အဆင်မပြေတာတွေဖြစ်တတ်သလို အချို့ဆိုရင် ဘာအလုပ်မှတောင် ဆက်လုပ်လို့မရ ပါဘူး။ စိတ်ကြည်လင်နေရင်တော့ ကိစ္စအတော်များများ အဆင်ပြေတတ်သလို စိတ်မကြည်လင်နေဘူး ဆိုရင်တော့ မိမိ ပတ်ဝန်းကျင် ကိုတောင် အကောင်းမြင်ပေးဖို့ မစွမ်းနိုင်ပါဘူး။ အဲ့ဒီတော့ စိတ်ကြည်လင်လန်းဆန်းအောင် နေထိုင်ရမယ့် နည်းတွေ၊ ရနှံ့ကုထုံးတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေ စသဖြင့် နည်းလမ်းအမျိုးမျိုးတွေရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စိတ်ကြည်လင်လန်းဆန်းအောင် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ လာဗန်ဒါရနံ့ကို ရှူရှိုက်ပါ။

လေ့လာမှုများအရ လာဗင်ဒါရနံ့မှာ စိတ်အေးချမ်းစေတဲ့ရနံ့များရှိကြောင်း သိရပါတယ်။ လာဗင်ဒါရနံ့ပါတဲ့ ရှန်ပူ ဒါမှမဟုတ် လာဗင်ဒါရနံ့ဆီကို သင့်အိတ်ထဲမှာ ထည့်ထားပြီး ရှူရှိုက်ပေးပါက လန်းဆန်းအမောပြေစေပါတယ်။

လာဗန်ဒါ

၂။သရက်သီး စားပါ။

သရက်သီးနံ့က လူ့စိတ်ကိုအေးချမ်း သွားစေကြောင်း ဂျပန်ပညာရှင်တွေက ဆိုပါတယ်။ သရက်သီးနံ့က ဘာကြောင့် စိတ်ကို အပန်းပြေစေတယ်ဆိုတာကို တိတိကျကျမသိပေမဲ့ သရက်သီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာဖြစ်တာကြောင့် စာသုံးသင့်ပါတယ်။ ယင်မနားအောင်တော့ ဂရုစိုက်ဖို့လိုပါတယ်။

သရက်သီး

၃။ပြေးပါ။

ပြေးတာကြောင့် ဦးနှောက်ကြည်လင်စေတာ ပူပင်မှုကို လျော့ကျသွားစေပါတယ်။ အကြောင်းကတော့ လှုပ်ရှားမှုကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်လာလို့ပါ။

ပြေးခြင်း

၄။ငိုကြွေးလိုက်ပါ။

စိတ်ဖိစီးမှုများနေတာကြောင့် ချက်ချင်းငိုချလိုက်တာနဲ့ တကယ်ကို စိတ်က ပေါ့ပါးသွားပါတယ်။ စိတ်အေး လက်အေးလည်း ဖြစ်သွားပါလိမ့်မယ်။

ငိုကြွေးလိုက်ပါ။

၅။ တေးသီချင်းနားထောင်ပါ။

တေးသီးချင်းနဲ့ သံစဉ်ဟာ စိတ်ကြည်နူးစေတဲ့ အရာတွေဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဂီတ

၆။အိပ်ရာ စောစောဝင်ပါ။

ကြက်သီးရေနွေးရေနဲ့ ချိုးပြီး အိပ်ရာစောစောဝင်ရင် ပိုပြီး စိတ်အပန်းပြေကာ အားပြည့်စေပါတယ်။

စောစောအိပ်ပါ

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: