Home How To အသက်ကြီးတဲ့အခါ မှတ်ဉာဏ်များ မပျောက်ဆုံးစေဖို့

အသက်ကြီးတဲ့အခါ မှတ်ဉာဏ်များ မပျောက်ဆုံးစေဖို့

0
အသက်ကြီးတဲ့အခါ မှတ်ဉာဏ်များ မပျောက်ဆုံးစေဖို့
ပုံပြင်တစ်ပုဒ် ဖန်တီးကြည့်ပါ။

အချိန်တိုအတွင်း လုပ်ရမဲ့အလုပ်တွေ၊ စျေးဝယ်စာရင်တွေ စတာတွေကိုမှတ်မိချင်ရင် စကားလုံးတွေကိုတွယ်ဆက်ပြီး ပုံပြင်တစ်ပုဒ်လောက်ဖန်တီးကြည့်ပါလို့အကြံပေးပါရစေ။ ပုံပြင်ကို ပုံရိပ်တွေကိုပါ မြင်လာအောင် ဖန်တီးတာက အကောင်းဆုံး မှတ်မိနိုင်စွမ်းရှိစေပါတယ်။

နာမည်ကိုသေချာနားထောင်ပါ။

သင့်အနေနဲ့ လူတစ်ယောက်ကိုပထမဆုံအကြိမ်တွေ့တဲ့အခါ သူ့နာမည်ကို မှတ်မိနေချင်ရင် အရင်ဆုံးလုပ်ရမှာကတော့ သူ့နာမည်ကိုမှတ်ထားဖို့ပါပဲ။ လူတော်တော်များများဟာ သူတို့စတွေ့တဲ့လူကို အလေးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါကြောင့်တွေ့ပြီးတာနဲ့ ချက်ချင်းမေ့သွားတတ်ကြတာပါ။ သူ့နာမည်ကိုမှတ်မိနေချင်ရင် သူ့နာမည်ကို သေချာနားထောင်ပြီး ချက်ချင်း မိတ်ဆက်လိုက်ပါ။ ဥပမာ-“တွေ့ရတာဝမ်းသာပါတယ် နီနီရေ..”ဆိုတာမျိုးပြောလိုက်ပါ။

ခက်ခဲသောနာမည်များကိုအသံထွက်ဖတ်ပါ။

သင်စတွေ့တည်းက မှတ်သားရခက်တဲ့ နာမည်တွေကိုမှတ်မိချင်ရင် သူ့နာမည်ကို ထပ်ခါတလဲလဲ ရွတ်ပြီး ကိုယ်တိုင် ကြားလောက်တဲ့အသံမျိုးနဲ့ရွတ်ဆိုပါ။ ဒါဟာသင့်မိတ်ဆွေရဲ့ခက်ခဲတဲ့နာမည်ကိုမှတ်မိစေနိုင်တဲ့နည်းလမ်းပါ။

အမည်နှင့်လူပုံစံကိုတွဲမှတ်ထားပါ။

လူအများစုဟာ ကိုယ်ရင်နှီးခဲ့ဖူးတဲ့ သူကိုမြင်ရင်မှတ်မိနေပေမဲ့ နာမည်ကိုတော့မသိတော့တာမျိုး၊ နာမည်ကိုမှတ်မိနေပေမဲ့ လူနဲ့တွဲပြီးမသိတော့တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်အောင် လူတစ်ယောက်နဲ့စတင်တွေ့ဖူးခဲ့တဲ့အချိန်ကစပြီး လူနာမည်နဲ့ ပုံစံကိုတွဲပြီးမှတ်ထားသင့်ပါတယ်။

စကားလုံးများကိုအုပ်စုခွဲမှတ်သားပါ။

ရှည်လျားတဲ့ စကားလုံးတွေကို အစီအစဉ်အလိုက် မှတ်မိနေဖို့ကတော့ မလွယ်ကူလှပါဘူး။ တူရာတူရာ စကားလုံးတွေကို အုပ်စုခွဲပြီး မှတ်သားထားလိုက်ပါ။ ဥပမာ-သင်စျေးဝယ်ထွက်မယ်ဆို သစ်သီးကို သီးသန့်တစ်စု၊ အရွက်တွေကိုတစ်အုပ်စု၊ ရေခဲသေတ္တာထဲထည့်မဲ့ပစ္စည်းတွေက တစ်စုစသည်ဖြင့် အုပ်စုခွဲပြီးမှတ်သားထားပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: