Home Lifestyle Health သင် သိထားရမယ့် ပလတ်စတစ်အကြောင်း

သင် သိထားရမယ့် ပလတ်စတစ်အကြောင်း

0
သင် သိထားရမယ့် ပလတ်စတစ်အကြောင်း

နေ့စဉ်ဘဝမှာ လူတိုင်းပလတ်စတစ်နဲ့မကင်းနိုင်ကြပါဘူး။ ခေတ်အခြေအနေရ ပလတ်စတစ်သုံးစွဲမှုက တစ်နေ့ထက်တစ်နေ့ ပိုလာပါတယ်။။ နေ့စဉ်သုံးနေရတဲ့ အတွက် ပလတ်စတစ်နဲ့ပတ်သက်ပြီး မရှိမဖြစ် သိကို သိရမယ့် အရာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ပလတ်စတစ်တွေက ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုမရှိပါဘူး။ မီးဖိုချောင်ထဲကိုပဲကြည့်လိုက်ပါ။ သင်သုံးနေတဲ့ ပလတ်စတစ် အသုံးအဆောင်နဲ့ ထည့်စရာတွေက စိတ်ချရရဲ့လား။ အဆိပ်အတောက်တွေပါနေသလား။ အလွယ်တကူခွဲခြားသိနိုင်တဲ့ နေရာက သင်သုံးနေတဲ့ အသုံးအဆောင်ရဲ့အောက်ခြေကို ပဲ တစ်ချက်ကလေးကြည့်လိုက်ရုံပါ။ ပလတ်စတစ်တွေမှာ ထုတ်လုပ်တဲ့ ဓါတုပစ္စည်းပါဝင်မှု အရ (၁)ကနေ (၇)အထိ အဆင့်တွေခွဲထားပါတယ်။ အောက်မှာ ပုံတွေကိုကြည့်ပါ။

Plastic Effect

 အမျိုးအစား(၁)    PETE  သို့မဟုတ်  PET

ရာနှုန်းပြည့် ပြန်လည်ထုတ်လုပ်သုံးစွဲလို့ရတဲ့ Recycle အမျိုးအစားဖြစ်ပါတယ်။ ပါးစပ်နဲ့သောက်လို့ရတဲ့ခွက်တွေ၊ မီးဖိုနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုထည့်ဖို့ ထုပ်လုပ်ပါတယ်။ သတိထားရမယ့်အမျိုးအစားဖြစ်ပေမယ့် အစားအသောက်တွေအတွက်စိတ်ချရပါတယ်။

အမျိုးအစား(၂)  HDPE   သို့မဟုတ် HDP

PETထက်အနည်းငယ်ပိုမာပါတယ်။ခိုင်မာမှုနဲ့သိပ်သည်းခြင်းအချိုးကအလွန်မြင့်ပါတယ်။အလင်းရောင်မဖေါက်ထွင်းနိုင်ပါ။ စျေးကွက်လို အပ်ချက်အရ အရောင်မျိုးစုံ တွေ့ရတတ်ပါတယ်။ ဆိုးဆေးဗူး၊ခွက်တွေ၊နဲ့ အအေးခန်းထဲထားတတ်တဲ့ အိတ်တွေအတွက်ထုတ်လုပ်ပါတယ်။ကျွမ်းကျင်သူ တွေကတော့ အရည်တွေထဲပျော်ဝင်နိုင်တဲ့ ဓါတုပစည်းတွေမပါဝင်တာ ကြောင့် အစားအသောက်တွေ ထည့်စရာတွေအတွက် စိတ်ချရတယ်လို့ဆိုပါတယ်။

အမျိုးအစား(၃) PVC  သို့မဟုတ် 3V

လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။တွယ်ချိတ်လို့ရတဲ့ ထည့်စရာအိတ်တွေ၊ ကလေးကစားစရာတွေနဲ့ အိမ်မွေးတိရိစ္ဆာန် ကစားစရာပြုလုပ်ရာမှာ သုံးပါတယ်။  (Phthalates) တွေပါဝင်တဲ့အတွက် ဟော်မုန်းထုတ်လုပ်မှုကို အနှောင့် အယှက်ကိုဖြစ်စေတာကြောင့် မျိုးပွားမှုကို ထိခိုက်နိုင်ပါတယ်။အရည်တွေထဲမှာ အလွယ်တကူစီးဝင်နိုင်ပြီး ကလေးငယ်တွေကို ပန်းနာရင်ကျပ်ဖြစ်စေနိုင်ပါတယ်။

အမျိုးအစား(၄) LDPE

ကွေးနိုင်ဆန့်နိုင်တဲ့ အမျိုးအစားတွေဖြစ်ပြီး အေးခဲတဲ့ အစာတွေ၊ပေါင်မုန့်တွေ၊မိုးရေကာအိပ်တွေ၊ညှစ်ထည့်တဲ့ ဗူးတွေ ထုတ်လုပ်ဖို့အသုံးပြုပါတယ်။ဓါတုပစ္စည်းများအစာထဲသို့စိမ့်ဝင်ခြင်းမျိုးမရှိပါ။စက္ကူအိတ်တွေရဲ့ အနားကွပ်အဖြစ်သုံးပါတယ်။ လုံးဝ အန္တရာယ်ကင်းတာ မဟုတ်ပေမယ့် နည်းပါတယ်။

အမျိုးအစား(၅) PP

အခြားပလတ်စတစ်တွေထက်ပိုမာပြီးတစ်ဝက်အလင်းပေါက်ပါတယ်။ ဒန်ချဉ်ပုလင်းတွေ၊ဆေးဝါးတွေ၊ဟင်းသီးဟင်းရွက် အဆီခဲတွေနဲ့ ထောပတ်တွေကို ထည့်ဖို့ သုံးပါတယ်။ အပူချိန်မြင့်ရင်တောင် အရည်မပျော်နိုင်ပါဘူး။ အန္တရာယ်မရှိပါဘူး။

အမျိုးအစား(၆) PS

ပိုလီစတိုင်ရင် (Polystyrene)  ခေါ် PS ကို အပူကာရေမြှုပ်၊ကြက်ဥကာတွန်း၊ တစ်ခါသုံးခွက် တွေ အတွက်သုံးပါတယ်။ အစားအစာတွေကိုထည့်စာတာမျိုးကိုရှောင်ပါ။ အပူချိန်မြင့်လာရင် ကာစီနိုဂျင်တွေ အစာ ထဲသို့ စိမ့်ဝင်နိုင်ပါတယ်။ အထူးသဖြင့် စတိုင်ရင်  (Styrene)က ထည့်ထားတာတွေကို အဆိပ်သင့်စေပါတယ်။ စတိုင်ရင်က လိင့်ပြွန်နဲ့ သွေးကင်ဆာတို့နဲ့ ဆက်သွယ်ပါတယ်။ ဒါအပြင် အဆုတ် အဖုအကျိတ်တွေနဲ့ လည်းဆက် စပ် ပါ တယ်။ရေနွေး၊ကော်ဖီပူတို့ ထည့်ပါက စတိုင်ရင်အဆင့်ကို ပိုမြင့်စေပါတယ်။ တာရှည်သိုလှောင် သုံးစွဲဖို့ မသင့်ပါ ဘူး။

အမျိုးအစား(၇) PC သို့မဟုတ် တံဆိပ်မပါသောပလတ်စတစ်

တံဆိပ်မပါရင်တော့မြင်တာနဲ့ ရှောင်ပါ။ အထက်က (၆)မျိုးမရှိရင် ဒီအမျိုးအစားကိုသုံးပါတယ်။ မကွဲလောက်နိုင်တဲ့အထိ မာပါတယ်။ ဘိုင်ဖီနောအေ BPA  ပါဝင်တဲ့ ပိုလီကာဗွန်နိုက်ဖြစ်ပြီး ထည့်ထားတဲ့ အရာတွေသို့စိမ့်ဝင်နိုင်ပါတယ်။ အန္တရာယ်ရှိပေမယ့် အားကစားဆိုင်ရာထုတ်ကုန်များ၊ဘူးများ၊ ပန်းချီ ရေဆေးဗူတွေအတွက် သုံးပါတယ်။

တံဆိပ်ဖတ်ပါ

နောက်ဆုံးမှာချင်တာက ပလတ်စတစ် မဝယ်မီ အောက်ခြေကိုကြည့်ပြီးတံဆိပ်ဖတ်ဖို့မမေ့ပါနဲ့။ အမျိုးအစား(၃)၊ (၆)နဲ့ (၇) ကို ရှောင်ပါ။ အစာတွေထည့်ပြီး အပူမပေးပါနဲ့။ ဖြစ်နိုင်ရင်ဖန်ကိုသုံးဖို့မှာပါရစေ။ မိဘပြည်သူများ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: