Home Lifestyle Health ရင်ဘတ် နဲ့ ကျောဘက်မှာရှိတဲ့ ဝက်ခြံများ သက်သာနေဖို့

ရင်ဘတ် နဲ့ ကျောဘက်မှာရှိတဲ့ ဝက်ခြံများ သက်သာနေဖို့

0
ရင်ဘတ် နဲ့ ကျောဘက်မှာရှိတဲ့ ဝက်ခြံများ သက်သာနေဖို့

ဝက်ခြံဆိုတာ မျက်နှာတစ်ခုထဲမှာဘဲ ဖြစ်တာမဟုတ်ပါဘူး။ ရင်ဘတ်နဲ့ ကျောဘက်ခြမ်းမှာလဲ ဖြစ်တတ်ပါသေးတယ်။ အတော်များများ ကတော့ ဝက်ခြံကို မျက်နှာတစ်ခုထဲအတွက် ကုသကြပေမယ့် ရင်ဘတ်နဲ့ ကျောဘက်ခြမ်းကိုတော့ ဂရုစိုက်မှုနည်း ပါတယ်။ မည်သို့ပင်ဖြစ်စေ ဝက်ခြံဆိုတာ အရေပြားရောဂါတစ်ခုဖြစ်တဲ့အတွက် ဘယ်နားပေါက်ပေါက် ကုသသင့်ပါတယ်။ မျက်နှာ အတွက်ကတော့ ဆေးနည်းတွေများစွာရှိတဲ့ အတွက် မဖော်ပြတော့ပါဘူး။

ရင်ဘတ်နဲ့ကျောပြင်မှာ ပေါက်နေတဲ့ ဝက်ခြံဖုတွေသက်သာချင်တယ်ဆိုရင်တော့ ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာအဖြစ် Salicylic acid ၂ရာခိုင်နှုန်းလောက်ပါဝင်တဲ့ ဆပ်ပြာနဲ့ရေချိုးပါ။ ရေချိုးပြီးတဲ့အခါ Non-comedogenic အမျိုးအစား ဘော်ဒီလိုးရှင်းကိုလိမ်းပေးပါ။ နေ့ခင်ပိုင်းမှာဝတ်တဲ့ အဝတ်အစားတွေဟာ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိတဲ့ အဝတ်အစားမျိုး ဖြစ်သင့်ပါတယ်။ ညဘက်မှာ ရင်ဘတ်နဲ့ကျောပြင်ပေါ်က ဝက်ခြံဖုတွေကို Benzoyl peroxide လိမ်းဆေးကို လိမ်းပေးကြည့်ပါ။ လေးပတ်ကျော် အတွင်း သိသိသာသာ အကျိုးကျေးဇူးရရှိတာကိုတွေလာရမှာပါ။ လေးပတ်ကျော်လို့မှ မသက်သာရင်တော့ ဝက်ခြံသက်သာအောင် ပဋိဇီဝပိုးသတ်ဆေး သောက်၊ ဒါမှမဟုတ်ရင် အရေပြားအထူးကု ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

Zawgyi font : ရင္ဘတ္ နဲ႔ ေက်ာဘက္မွာရွိတဲ့ ဝက္ၿခံမ်ား သက္သာေနဖို႔

ဝက္ၿခံဆိုတာ မ်က္ႏွာတစ္ခုထဲမွာဘဲ ျဖစ္တာမဟုတ္ပါဘူး။ ရင္ဘတ္နဲ႔ ေက်ာဘက္ျခမ္းမွာလဲ ျဖစ္တတ္ပါေသးတယ္။ အေတာ္မ်ားမ်ား ကေတာ့ ဝက္ၿခံကို မ်က္ႏွာတစ္ခုထဲအတြက္ ကုသၾကေပမယ့္ ရင္ဘတ္နဲ႔ ေက်ာဘက္ျခမ္းကိုေတာ့ ဂ႐ုစိုက္မႈနည္း ပါတယ္။ မည္သို႔ပင္ျဖစ္ေစ ဝက္ၿခံဆိုတာ အေရျပားေရာဂါတစ္ခုျဖစ္တဲ့အတြက္ ဘယ္နားေပါက္ေပါက္ ကုသသင့္ပါတယ္။ မ်က္ႏွာ အတြက္ကေတာ့ ေဆးနည္းေတြမ်ားစြာရွိတဲ့ အတြက္ မေဖာ္ျပေတာ့ပါဘူး။

ရင္ဘတ္နဲ႔ေက်ာျပင္မွာ ေပါက္ေနတဲ့ ဝက္ၿခံဖုေတြသက္သာခ်င္တယ္ဆိုရင္ေတာ့ ေရခ်ိဳးတဲ့အခါ ေရခ်ိဳးဆပ္ျပာအျဖစ္ Salicylic acid ၂ရာခိုင္ႏႈန္းေလာက္ပါဝင္တဲ့ ဆပ္ျပာနဲ႔ေရခ်ိဳးပါ။ ေရခ်ိဳးၿပီးတဲ့အခါ Non-comedogenic အမ်ိဳးအစား ေဘာ္ဒီလိုးရွင္းကိုလိမ္းေပးပါ။ ေန႔ခင္ပိုင္းမွာဝတ္တဲ့ အဝတ္အစားေတြဟာ ေလဝင္ေလထြက္ေကာင္းၿပီး သက္ေသာင့္သက္သာ ရွိတဲ့ အဝတ္အစားမ်ိဳး ျဖစ္သင့္ပါတယ္။ ညဘက္မွာ ရင္ဘတ္နဲ႔ေက်ာျပင္ေပၚက ဝက္ၿခံဖုေတြကို Benzoyl peroxide လိမ္းေဆးကို လိမ္းေပးၾကည့္ပါ။ ေလးပတ္ေက်ာ္ အတြင္း သိသိသာသာ အက်ိဳးေက်းဇူးရရွိတာကိုေတြလာရမွာပါ။ ေလးပတ္ေက်ာ္လို႔မွ မသက္သာရင္ေတာ့ ဝက္ၿခံသက္သာေအာင္ ပဋိဇီဝပိုးသတ္ေဆး ေသာက္၊ ဒါမွမဟုတ္ရင္ အေရျပားအထူးကု ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: