Home News ဒေါ်နယ်ထရမ့်မှ ကုန်သွယ်ရေးကို ထိခိုက်အောင် လုပ်မည်ဆိုပါက တရုတ်တွင် iPhone ရောင်းချမှု ပိတ်ပင်မည်

ဒေါ်နယ်ထရမ့်မှ ကုန်သွယ်ရေးကို ထိခိုက်အောင် လုပ်မည်ဆိုပါက တရုတ်တွင် iPhone ရောင်းချမှု ပိတ်ပင်မည်

0
ဒေါ်နယ်ထရမ့်မှ ကုန်သွယ်ရေးကို ထိခိုက်အောင် လုပ်မည်ဆိုပါက တရုတ်တွင် iPhone ရောင်းချမှု ပိတ်ပင်မည်

အမေရိကန်နိုင်ငံ၏ ၄၅ယောက်မြောက်သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှပ်နှံထားသူ စီးပွားရေး လုပ်ငန်းရှင် များအား အမေရိကန်နိုင်ငံသို့ ပြန်လာ၍ ရင်းနှီးမြှုပ်နှံရမည်ဟု ပြောခဲ့ခြင်းကြောင့် ယင်းကိစ္စမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်ရေးလုပ်ငန်းများကို အနည်းနှင့်အများထိခိုက်လာနိုင်စေသည်။ သဘာတရားအားဖြင့် တရုတ်နိုင်ငံ သည် လုပ်သားနှင့် ကုန်ကြမ်းရရှိလွယ်ပြီး ထုတ်ကုန်ပစ္စည်းထုတ်သည့်အခါ စျေးသက်သာစွာဖြင့် ရရှိနိုင်သော်လည်း အမေရိကန်နိုင်ငံ တွင်မူ လုပ်သားနှင့် ကုန်ကြမ်းမှာ တရုတ်နိုင်ငံနှင့် ယှဉ်သော် စျေးနှုန်း အဆပေါင်းများစွာကွာဟ သည့်အတွက် ရင်းနှီးမြှပ်နှံသူများက တရုတ် နိုင်ငံတွင်သာ ရင်းနှီှးမြှုပ်နှံချင်စိတ်ပို၍ အားသန်သည်။ ယနေ့ ကမ္ဘာကျော် Apple ကုမ္ပဏီ၏ iPhone များကိုလည်း တရုတ်တွင် သာ ထုတ်လုပ်ပြီး ဖြန့်ချီမှသာ အမေရိကန်နိုင်ငံမှစတင်ဖြန့်ချီခြင်းဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ထုတ်လုပ်မှုအားလုံးကို အမေရိကန်နိုင်ငံ တွင်သာ ထုတ်လုပ်မည်ဆိုပါက ပုံမှန်ရောင်းစျေးထက် ၂ဆ ခန့်တက်ဖွယ်ရှိသည်။

ထိုကဲ့သို့ ထရမ့်မှ ပြောဆိုလာခဲ့ခြင်းကြောင့် တရုတ်အစိုးရအဖွဲ့ကမူ ရိုးရှင်းသော တန်ပြန်တိုက်ခိုက်မှုပြုလုပ်သွားမည် ဟု ပြောကြားခဲ့ သည်။ ထို့ကြောင့် အကယ်၍ ထရမ့်မှ ကုန်သွယ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့ပါက တရုတ်တွင် iPhone ရောင်းချခွင့်ကိုလည်း ပိတ်ပင်သွား မည်ဟုတ် တရုတ်အစိုးရအဖွဲ့မှ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အခြားသော အမေရိကန်နိုင်ငံမှ ပစ္စည်းများရောင်းချခြင်းကိုလည်း ပိတ်ပင်သွားနိုင်သည်။ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးအရ တစ်ဦးအပေါ်တစ်ဦးအပြန်အလှန်မှီခိုနေကြခြင်းဖြစ် ပြီး တစ်ဖက်ဖက်မှ ချိုးဖောက်ခဲ့လျှင် အမေရိကန်မှ နစ်နာဖွယ်ရာများစွာရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: