
ဆရာတင့်တယ်ရဲ့ ကမ္မဖလ ၀တ္ထု ကို ဒါရိုက်တာပန်းချီစိုးမိုးက ပုံဖေါ်ရိုက်ကူးတဲ့ ကမ္မဖလ ရုပ်ရှင်ကားသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ၃၀.၁၂.၂၀၁၉ နေ့က သမ္မတရုပ်ရှင်ရုံကြီးမှာ တခန်းတနား ကျင်းပြုလုပ်ခဲ့ရာမှာ ဒါရိုက် တာ ပန်းချီစိုးမိုးအပါအ၀င် ရုပ်ရှင်၊စာပေနဲ့ ဂီတနယ်ပယ်က အနုပညာရှင်များနဲ့ နီးစပ်ခင်မင်ရာမိတ်ဆွေများ ရုံပြည့်ရုံလျှံတက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိပါတယ်။
အဆိုပါရုပ်ရှင်ကားကြီးကို ယခုလ ၂ ရက်နေ့ကစပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံအတော်များများမှာ အားပေးကြည့် ရှုနိုင်ကြသလို ကျန်တဲ့ နိုင်ငံအ၀န်းက ရုပ်ရှင်ရုံကြီးတွေ မှာလည်းတစ်ပြိုင်တည်း အားပေးကြည့်ရှုနိုင်ကြ ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။
အဆိုပါ ကမ္မဖလ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာပန်းချီစိုးမိုးက ဦးဆောင်ကာ သရုပ်ဆောင်အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မင်းမော်ကွန်း၊အကယ်ဒမီ စိုးပြည့်သဇင်၊အကယ်ဒမီ အေးမြတ်သူနဲ့ မိုးဟေကို အပါအ၀င် သရုပ်ဆောင် ပေါင်းများစွာတို့က ပါ၀င်အားဖြည့်ထားကြပါတယ်။
ခေတ်ဟောင်းကာလတစ်ခုက ရင်နာဖွယ်မိသားစုတစ်ခုရဲ့ အကြောင်းကို ဦးတည်ချက်ကောင်းကောင်းနဲ့ ပရိတ်သတ် ရင်ကိုရောက်အောင်ရိုက်ကူးတင်ဆက်ထားတဲ့ ဒါရိုက်တာပန်းချီစိုးမိုးရဲ့ရိုက်ကူးတင်ဆက်မှုက တကယ့်ကိုချီးစရာ ကောင်းလှတဲ့အကြောင်းရေးသားတင်ပြလိုက်ရပါတယ်။