Home Knowledge Inspiration မျိုးဆက်သစ်တွေ စနစ်တကျ တန်းစီကြပါ

မျိုးဆက်သစ်တွေ စနစ်တကျ တန်းစီကြပါ

0
မျိုးဆက်သစ်တွေ စနစ်တကျ တန်းစီကြပါ

အစိုးရရဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတေွမှာ ကွန်ပျူတာစနစ်ကို စနစ်တကျအသုံးမပြုနိုင်သေးတာရယ်၊ ၀န်ထမ်း တွေကိုယ်တိုင်က ၀တ်ကျေတန်းကျေ လုပ်ဆောင်နေတာတွေ၊ ပြည်သူတွေကိုယ်တိုင်ကလည်း ခေါက်ရိုးကျိုးနေတဲ့ ပုံ သေအတွေးအခေါ်တွေကြောင့် မြန်မာနိုင်ငံသားအများပြည်သူတွေဟာ ယနေ့အချိန်အခါထိ ကောင်းမွန်တဲ့ ၀န်ဆောင် မှုတွေကို မခံစားနိုင်ကြသေးပါဘူး။အများပြည်သူနဲ့ပတ်သက်တဲ့နေရာအများစုမှာ ခုအချိန်ထိ စနစ်တကျ တန်းစီ တာတွေ၊စနစ်တကျတန်းစီနိုင်အောင်စီမံခန့်ခွဲပေးတာတွေ အင်မတန်နည်းပါးနေပါသေးတယ်။ နိုင်ငံခြားသားတွေ အ ၀င်အထွက်ရှိတဲ့ လေဆိပ်လိုနေရာမျိုးကလွဲရင် ပေါ့။ ဒီထဲမှာ ရန်ကုန်မြို့တော် ဘူတာကြီးထဲက ကုန်းလမ်း ပို့ ဆောင် ရေးဌာနရဲ့နေ့ချင်းပြီး ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးပေးနေတဲ့ နေရာဟာလည်းအပါအ၀င်ပါပဲ။

ရန်ကုန်ဘူတာကြီးရဲ့ကျယ်၀န်းလှတဲ့ ရှေ့မျက်နှာစာမှာ အများပြည်သူတွေ စနစ်တကျတန်းစီနိုင်အောင် စီစဥ◌် ပေးလို့ရသလို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရမယ့်အစီအစဥ◌်တွေဖြစ်တဲ့ လိုင်စင်ပြပြီးလျှောက်လွှာ ထုတ်ယူ ခြင်း၊ဖြည့်သွင်းပြီးလျှောက်လွှာများကို အစီအစဥ◌်တကျလက်ခံခြင်း၊ အာမခံကြေးသွင်းရမယ့်နေရာမှာ စနစ်တကျ တန်းစီခြင်း၊အာမခံကြေးသွင်းပြီးတဲ့အခါ သက်တမ်းတိုးကြေးသွင်းဖို့တန်းစီးခြင်း၊ သက်တမ်းတိုးကြေးသွင်းပြီး ကြောင်း ဖြတ်ပိုင်းရယူခြင်းနဲ့ နောက်ဆုံးအဆင့်အနေနဲ့ ဖြတ်ပိုင်းပြပြီးလိုင်စင်သစ်ထုတ်ယူဖို့ အတွက် တန်းစီစောင့်ဆိုင်းခြင်း တို့ကို အဆင့်အလိုက် စနစ်တကျလုပ်ဆောင်မယ်ဆိုရင် အများပြည်သူတွေစုရုံးပြီးအလုပ်လုပ်ကြရတဲ့အခါ စိတ်ချမ်း သာစရာတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့တော်ရန်ကုန်ဖြစ်လာနိုင်သလို ၀န်ဆောင်မှုကောင်းတဲ့ ပြည်သူ့၀န်ထမ်း တွေ ဖြစ်လာမှာသေချာပါတယ်။

ခုတော့ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေအဖို့တော့ အများပြည်သူတွေနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုနေရာ အများစုဟာ စိတ်မသက်မသာဖြစ်ရတဲ့နေရာတွေပါပဲ။စည်းကမ်းတကျမလုပ်နိုင်ဆုံး လူတွေကတော့ ခေတ်ဆိုး စနစ် ဆိုးတွေကို ဖြတ်သန်းကြုံတွေ့ခဲ့ကြတဲ့ စနစ်ဟောင်းကပြည်သူတွေပါပဲ။ ကဲ ရှိပါစေတော့၊ဒါပေမဲ့ နောင်မျိုးဆက်သစ်တွေ ကိုတော့ စနစ်တကျတန်းစီတတ်အောင် လေ့ကျင့်သင်ကြားပေးနိုင်တဲ့ ပညာ‌ရေးမျိုးဖြစ်အောင် ဖန်တီးပေးဖို့ လိုပါ တယ်။ လူငယ်မျိုးဆက်သစ်တွေကို စနစ်တကျတန်းစီတတ်အောင်သင်ပေးကြပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: