၂၀၂၀ မေလကစပြီး ထိုင်းလေဆိပ်တွေမှာ 5G အင်တာနက်၀န်ဆောင်မှုပေးတော့မယ်

0
208

ထိုင်းနိုင်ငံရဲ့ မြန်နှုန်းမြင့်အင်တာနက် အဆင့်မြှင့်တင်ရေးပထမအသုတ်အနေနဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံတကာ လေဆိပ် ကြီးနှစ်ခု ြဖစ်တဲ့ Suvarnabhumi နဲ့ Don Mueang လေဆိပ်တေွမှာ လာမယ့် ၂၀၂၀ မေလကစပြီး ခရီးသွားတွေ အတွက် မြန်နှုန်းမြင့် 5G အင်တာနက် ၀န်ဆောင်မှုစတင်ရရှိတော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆက်သွယ်ရေး ဆိုင်ရာတာ၀န်ရှိသူတွေကပြောကြားလိုက်တဲ့အကြောင်းဘန်ကောက်ပိုစ့်သတင်းအရသိရပါတယ်။

မြန်နှုန်းမြင့် 5G အင်တာနက် တပ်ဆင်နိုင်ရေးဆက်သွယ်ရေးအော်ပရေတာတွေ လိုအပ်တဲ့အခြေခံအဆောက်အအုံ တွေကိုကြိုတင်ပြင်ဆင်ဖို့အတွက် ထိုင်းနိုင်ငံအမျိုးသားအသံလွှင့်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးကော်မရှင်(NBTC) နဲ့လေဆိပ်တွေအကြားနားလည်မှုစာချွန်လွှာကို လာမယ့်နို၀င်္ဘာလ ၂၇ ရက်နေ့မှာ လက်မှတ် ရေးထိုးကြ မယ် လို့သိရပါတယ်။

ကိုးကား၊ ဘန်ကောက်ပို့စ်

LEAVE A REPLY

Please enter your comment!
Please enter your name here