Home Business ဗီယက်နမ်ပိုင် လူမှုကွန်ရက် ၂၀၂၀အကုန်မှာ အသုံးပြုသူ သန်း၉၀ရှိရန်မျှော်မှန်း

ဗီယက်နမ်ပိုင် လူမှုကွန်ရက် ၂၀၂၀အကုန်မှာ အသုံးပြုသူ သန်း၉၀ရှိရန်မျှော်မှန်း

0
ဗီယက်နမ်ပိုင် လူမှုကွန်ရက် ၂၀၂၀အကုန်မှာ အသုံးပြုသူ သန်း၉၀ရှိရန်မျှော်မှန်း

ဗီယက်နမ် ဆက်သွယ်ရေး၀န်ကြီးက လာမယ့် ၂၀၂၀ အကုန်မှာ ဗီယက်နမ်လုပ် လူမှုကွန်ရက်တွေကို ဗီယက်နမ် ပြည်သူသန်း၉၀ အသုံးပြုဖို့ ရည်မှန်းချက်ချမှတ်ထားပြီး Facebook လိုနိုင်ငံခြားပိုင်လုပ်ငန်းတစ်ခုက ဗီယက်နမ် နိုင်ငံမှာ ‌ေစျးကွက်တစ်ခုလုံးလက်၀ါးကြီးအုပ်ထားတာမျိုးကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ လွန်ခဲ့တဲ့ သော ကြာ နေ့က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတစ်ပုဒ် အရသိရပါတယ်။

ဆက်သွယ်ရေး၀န်ကြီးNguyễn Mạnh Hùng က အမျိုးသားညီလာခံမှာ ထိုသို့ပြောလိုက်ပြီး ၉၂သန်းကျော် ဗီယက် နမ်ပြည်သူတွေကလည်း မိမိတို့ရဲ့ ထုတ်ကုန်ကို ပိုမိုအားပေးလာအောင် အထောက်အပံ့ ပေးရမယ်လို့ပြော ကြားခဲ့ပါ တယ်။ ဗီယက်နမ်မှာ ပြည်တွင်းပိုင် လူမှုကွန်ရက် Zalo နဲ့Mocha တို့ရှိကြတဲ့အပြင် ၂၀၁၉ ခုနှစ်လပိုင်းတွေ အ တွင်းမှာပဲLotus၊Gapoနဲ့ Hahalolo စတဲ့ လူမှုကွန်ရက်သုံးခု တိုးလာခဲ့ရာ တစ်နှစ်အတွင်းမှာ ပြည်တွင်းပိုင် လူ မှုကွန်ရက်တွေကိုအသုံးပြုမှုဟာ၃၀ရာနှုန်းအထိတိုးတက်လာပြီလို့သိရပါတယ်။ အမေရိကန် လူမှုကွန်ရက် ဖြစ်တဲ့ Facebook ကိုတော့ ဗီယက်နမ်လူဦးရေရဲ့ ၆၀ကနေ ၆၅ ရာနှုန်းအထိ သုံးစွဲနေကြတယ်လို့သိရပါတယ်။

ခုနေခါ ဗီယက်နမ်တွေ ဘာတွေကိုတွေးတောနေကြသလဲ၊ဘာတွေကို ပြောနေကြသလဲ၊ ဘာတွေကို၀ယ်နေ ကြသလဲ၊ ကုန်ကုန်ပြောရရင် ဘယ်သူ့ကိုချစ်နေသလဲကအစ ဒီလူမှုကွန်ရက်ပေါ်မှာ တွေ့နိုင်တယ်။ ဒါဟာဘာကိုပြသလဲ ဆို တော့ ဗီယက်နမ်တွေရဲ့ ဦးနှောက်ဟာ တစ်နေရာရောက်နေတယ်၊ အဲဒီနေရာကတော့ ဗီယက်နမ်ထဲမှာ မဟုတ်ဘူး ဆိုတဲ့ သဘောဖြစ်ပြီး ဒီအချက်အလက်တွေနဲ့ နိုင်ငံခြားလူမှုကွန်ရက်တွေက ဘာတွေလုပ်ကြမလဲ၊ဒီအချက် အလက် တွေဟာ တိုင်းပြည်အတွက် အင်မတန်အန္တရာယ်များတယ်လို့ ၀န်ကြီးကပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ၀◌န်ကြီးကတော့ နိုင်ငံခြားလူမှုကွန်ရက်တွေနေရာမှာ ပြည်တွင်းဖြစ်တွေနဲ့အစားထိုးမှာမဟုတ်ဘူး၊ ဗီယက် နမ်ကပြည်ပရင်းနှီးမြှပ်နှံမှုတွေကို ဖွင့်ပေးထားတဲ့အတွက် ဘယ်သူမဆို ဥပဒေနဲ့အညီလာလုပ်ပြီးဗီယက်နမ်ကို တိုးတက်အောင်လုပ်ပေးမယ်ဆိုရင် လာလုပ်နိုင်ကြောင်း ပြည်ပလူမှုကွန်ရက်တွေကလည်းဥပဒေနဲ့အညီ ပြည်တွင်း ပိုင်တွေနဲ့အပြိုင်ရှိနေမယ့်အကြောင်း ပြောသွားခဲ့တယ်လို့သိရပါတယ်။

Source:The Nation Thailand

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: