Home News မကြုံစဖူးတဲ့ ရာသီဥတုအခြေအနေကြောင့် ဖင်လန်ကမ်းခြေမှာ ကြက်ဥပုံရေခဲတွေဖြစ်ပေါ်

မကြုံစဖူးတဲ့ ရာသီဥတုအခြေအနေကြောင့် ဖင်လန်ကမ်းခြေမှာ ကြက်ဥပုံရေခဲတွေဖြစ်ပေါ်

0
မကြုံစဖူးတဲ့ ရာသီဥတုအခြေအနေကြောင့် ဖင်လန်ကမ်းခြေမှာ ကြက်ဥပုံရေခဲတွေဖြစ်ပေါ်

မကြုံစဖူးရှားရှားပါးပါးဖြစ်ခဲလှတဲ့ ရသီဥတု ဖြစ်စဥ◌်ကြောင့် ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ကြက်ဥပုံ ရေခဲလုံး လေတွေနဲ့ ဖုံးလွှမ်းနေခဲ့ကြောင်း ဘီဘီစီသတင်းအရသိရပါတယ်။အဲဒီကြက်ဥပုံရေခဲလုံးတွေကို အပျော်တမ်းဓါတ်ပုံ ဆရာ Risto Mattila က ဖင်လန်နဲ့ဆွီဒင်နိုင်ငံကြားရှိBothnia ပင်လယ်ကွေထဲမှ Hailuoto ကမ်းခြေပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလိုဖြစ်တာဟာ ရှာပါးတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပြီး ရေခဲစလေးတွေက လေနဲ့ရေတို့ကြောင့် လိမ့် သွားရကနေဖြစ်ပေါ်လာတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ဓါတ်ပုံဆရာကတော့ ဒါမျိုးသူတစ်ခါမှမတွေ့ မြင်ဖူးဘူး။ အခု သူနဲ့သူ့ဇနီးသည်တို့ အဲဒီကမ်းခြေမှာရှိနေပြီး ရာသီဥတုကနေသာနေကာ အပူချိန်ကတော့ -၁ ဒီဂရီစင်တီဂရိတ်(၃၂ ဒီဂရီဖာရင်ဟိုက်) ရှိပြီး လေတိုက်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။ ကမ်းခြေရဲ့ ပေ ၁၀၀ (မီတာ ၃၀) လောက်မှာ ကြက်ဥပုံရေခဲလုံးတွေနဲ့ ပြည့်နေပြီး အသေးဆုံးအရွယ်ကတော့ ကြက်ဥလောက်ရှိကာ အကြီးဆုံးတွေကတော့ ဘော် လုံးလောက်ရှိတယ်လို့ဆိုပါတယ်။

ဓါတ်ပုံဆရာကတော့ တကယ့်ကိုအံ့ဩစရာရှုခင်းတစ်ခုဖြစ်ပြီး သူဒီပတ်၀◌န်းကျင်မှာနေလာခဲ့တာ ၂၅နှစ်ကြာ ကာ လအတွင်းဒီလိုရှုခင်းမျိုးတစ်ခါမှ မမြင်ဖူးကြောင်း ဘီဘီစီကိုပြောခဲ့တယ်လို့သိရပါတယ်။ ၂၀၁၆ခုနှစ်တုန်းကတော့ ဆိုက်ဘေးရီးယားမှ Nyda ကမ်းခြေမှာ ၁၁မိုင်လောက်ရှည်ပြီး တင်းနစ်ဘော်လုံးအရွယ်ကနေ အချင်း တစ်မီတာ အထိရှိတဲ့ ရေခဲကြက်ဥတွေ ဖြစ်ပေါ်ခဲ့ဖူးကြောင်းသိရပါတယ်။

Source:BBC

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: