Home News ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ခရီးစဥ်များ ခေတ္တပိတ်ထားရန်ကြေငြာထား

ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ခရီးစဥ်များ ခေတ္တပိတ်ထားရန်ကြေငြာထား

0
ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ခရီးစဥ်များ ခေတ္တပိတ်ထားရန်ကြေငြာထား

မနက်ဖန်စနေနေ့မှာ စတင်မယ့် ချင်းမိုင်ရဲ့မီးပုံးပျံလွှတ်တင်ပွဲကြောင့် လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချရရေး အ တွက် ပြည်တွင်းခရီးစဥ်များအပါအ၀◌င် နိုင်ငံတကာခရီးစဥ်စုစုပေါင်း ၁၅၁ ခုကို ခရီးစဥ်ပြောင်းလဲပြင်ဆင် ခြင်းနဲ့ ဖျက် သိမ်းခြင်းတွေကို ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်နိုင်ငံတကာလေဆိပ်က မနေ့က ကြာ သပတေးနေ့မှာ ထုတ်ပြန်ကြေငြာလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။

လေဆိပ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးကတော့ လေကြောင်းလိုင်းတွေရဲ့ လုံခြုံစိတ်ချရရေးဟာ ရက်ပိုင်းအတွင်း ကျင်းပ မယ့် Loy Krathong နဲ့ Yi Peng ပွဲတော်နဲ့ ဆက်စပ်နေတဲ့အကြောင်း၊ဒီလိုကြေငြာရခြင်းဟာ လေယာဥ်တွေ မတော် တဆမဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့လုပ်ဆောင်တာဖြစ်ကြောင်းပြောပါတယ်။ဒါ့အပြင် ပြည်တွင်းခရီးစဥ် ၆၆ ခုနဲ့ နိုင်ငံတကာခရီးစဥ်၃၀ ရဲ့ ပျံသန်းမှုကိုဖျက်သိမ်းမှာဖြစ်ပြီး ပြည်တွင်းခရီးစဥ် ၄၄ ခုနဲ့ နိုင်ငံတကာခရီးစဥ် ၁၄ ခုတို့ရဲ့ ပျံသန်းမှု အချိန်တွေကို ပြောင်းလဲပြင်ဆင်မှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီရက်တွေအတွင်းမှာ လေဆိပ်ပြေးလမ်းနဲ့ ခရီးသည်အ၀င်အထွက် နေရာတွေကို လုံရေးတာ၀န်ရှိသူတွေက မကြာ ခဏ ကြပ်မတ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး လေဆိပ်အတွင်းအပြင်နဲ့ ပတ်၀န်းကျင်ကိုလည်း အထူး ကြပ်မတ်စောင့်ကြည့်သွားမှာဖြစ်ပြီး လေဆိပ်အနီးနေထိုင်ကြသူတွေကိုလည်း မီးပုံပျံတွေမလွှတ်တင်ကြဖို့ သတိပေး ထားတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံချင်းမိုင်က နှစ်စဥ်ကျင်းပတဲ့ မီးပုံးပျံလွှတ်တင်တဲ့ ပွဲတော်ကို နို၀င်္ဘာလ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပမယ်လို့သိရှိရပါတယ်။

Source:Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: