၂၆ မီတာ (၈၈ပေ) အနက်ရှိသော ရေတွင်းထဲသို့ကျသွားတဲ့ ၂ နှစ်အရွယ် ဟိန္ဒူကလေးတစ်ဦးသေဆုံး

0
189

အောက်တိုဘာလ ၂၅ ရက် သောကြာနေ့ဒေသစံတော်ချိန် ညနေ ၅နာရီ ၄၅မိနစ်က အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည် နယ် တောင်ပိုင်း Tiruchirapalli ခရိုင်တွင် လယ်သမားမိသားစုတစ်ခုမှ Sujith Wilson လို့ခေါ်တဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦးဟာ ၂၆ မီတာ (၈၈ပေ) ခန့်ရှိသော ရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားခဲ့တယ်လို့ CNN သတင်း အရသိရပါတယ်။ Tamil Nadu ပြည်နယ်ရှိ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးများက ထိုကလေးငယ်အား ရေ တွင်းထဲမှာ ကယ်တင်နိုင်ရန်ကြိုးစားခဲ့ကြပါတယ်။

အဆိုပါရေတွင်းကို လယ်သမားများက မြေပြင်အပေါ်တွင် အုပ်ရိုးမပါပဲ သောက်သုံးရေအတွက် တူးထားကြတာဖြစ်ပြီး ရေတွင်းရဲ့ အနက်ကိုလည်း အတိအကျတိုင်းတာထားခြင်း မရှိကြပါဘူး။ ထို့အပြင် ရွှံ့နွံများလည်း ရှိနေပြီး ရာသီဥတု ကလည်း မကောင်းတဲ့အတွက် ကယ်ဆယ်ရေးမှာ အလွန်ကိုခက်ခဲခဲ့ရပါတယ်။

ကလေးကို ကယ်ထုတ်ရန် လူပေါင်း ၅၀၀ လောက် အသုံးပြုခဲ့ရတဲ့အပြင် စက်ယန္တရားများကိုပါ အသုံးပြုခဲ့ရပါတယ်။ နွံထဲသို့ဆင်းသက်ရန် မဖြစ်နိုင်တဲ့အတွက် ရေတွင်းနှင့်အပြိုင် နောက်ထပ်ရေတွင်းတစ်တွင်းကို စက်များဖြင့် ၁၃.၇ မီတာ ၄၅ပေ အထိထပ်တူးခဲ့ရပါတယ်။ ကယ်ဆယ်ရေအချိန် စုစုပေါင်း နာရီ ၈၀ ကြာခဲ့ကာ သေဆုံးနေပြီဖြစ်တဲ့ က လေးငယ်ရဲ့ ခန္ဓာကိုယ်ကိုတော့ တနင်္လာနေ့မှာ ရှာဖွေနိုင်ခဲ့တယ်လို့သိရပါတယ်။

အင်္ဂါနေ့မီးသင်္ဂြိုလ်တဲ့အခါ ရွာလမ်းတစ်လျှောက်တွင် ဟိန္ဒူတွေရဲ့ ရိုးရာဓလေ့အတိုင်း calotropis သစ်ရွက်များ ကို ဖြန့်ကျဲကာ နောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ဆောက်ရွက်ခဲ့ကြပါတယ်။ Sujith Wilson ရဲ့ မိ ခင်ဖြစ်သူက သူ့ရဲ့သားဟာ အလွန်ရဲရင့်တဲ့သူတစ်ဦးဖြစ်ပြီး ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရလောက်အောင် မထိုက်တန်ဘူး လို့ ဝမ်းနည်းစွာ ပြောဆိုခဲ့ပါတယ်။

ဒေသအုပ်ချုပ်သူများအနေဖြင့် အခြေခံလူတန်းစားများ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှု များစွာ လိုအပ် နေသေးတယ်ဆိုတာကို ယခုဖြစ်ရပ်က သတ်သေပြသွားပြီဖြစ်လို့ အန္တာရယ်ရှိတဲ့ အဖွင့်ရေတွင်းများနှင့် ပတ် သက်တဲ့ စည်းကမ်းများကို ချက်ချင်းထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

Source : CNN News

LEAVE A REPLY

Please enter your comment!
Please enter your name here