IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ Trump က အတည်ပြုပြောကြား

0
169

တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ဆီးရီးယား၏ မြောက်ဘက် Jarablus မြို့တွင် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင်ဖြစ်သူ Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက် တနင်္လာ နေ့တွင် အမေရိကန် အိမ်ဖြူတော်မှ သမ္မတ Trump ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ Abu Bakr al-Baghdadi ဟု ထင်ရတဲ့ သေဆုံးသွားသူရဲ့ DNA ကို စစ်ကြည့်ရာ Abu Bakr al-Baghdadi အစစ်ဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။

Jarablus မြို့ရှိ တည်းခိုခန်းတစ်ခုတွင် IS ခေါင်းဆောင်တစ်ဦးရှိနေတယ်ဆိုတဲ့ သတင်းကို အခိုင်အမာ ရရှိ ထား သဖြစ် US စစ်တပ်က ရဟတ်ယာဉ် ၈ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ US စစ်တပ်ဟာ ပစ်ခတ် မှုတွေ ကြားထဲမှာပဲ မြေပြင်ပေါ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့တဲ့အပြင် Baghdadi ၏ တပ်သားများကိုလည်း နှိမ်နင်း နိုင်ခဲ့ပါတယ်။Baghdadi၏ဇနီး၂ဦးလည်းမပေါက်ကွဲသေးတဲ့ အသေခံအင်္ကျီကိုဝတ်ဆင်ကာ သေဆုံးခဲ့ပြီး Baghdadi ကတော့ သူ၏ ကလေး ၃ ယောက်နှင့်အတူ မြေအောက်လှိုင်ဂူထဲသို့ ထွက်ပြေးခဲ့ပါတယ်။

သို့သော် US ရဲ့ စစ်ခွေးများကြောင့် Baghdadi ပုန်းနေတဲ့ မြေအောက်လှိုင်ဂူကို ရှာဖွေနိုင်ခဲ့ပါတယ်။ ထိုအချိန် မှာ ပဲ Baghdadi က သူဝတ်ဆင်ထားတဲ့ အသေခံဗုံးအင်္ကျီကိုဖောက်ခွဲကာ အဆုံးစီရင်ခဲ့တယ်လို့ သိရှိရပါတယ်။ US စစ်တပ်ဘက်ကတော့ စစ်ခွေးတစ်ကောင်သာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သမ္မတ Trump ကတော့ Baghdadi ကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေလည်း အမြောက်အများရှိခဲ့သလို တစ်ကမ္ဘာလုံးရှိ လူတွေအားလုံးကိုလည်း နှစ်နဲ့ချီပြီး အနှောက်အယှက်မျိုးစုံ​ပေးခဲ့ကြောင်း၊ယခုအချိန်မှာတော့ သူလုပ်ခဲ့သလိုပဲ သူရဲဘောကြောင်ကာ ခွေးလိုသေဆုံးခဲ့ရပြီလို့ ပြောကြားခဲ့ပါတယ်။ ထို့နောက် ယခုစစ်ဆင်ရေးမှာ ပါဝင်ကူညီပေးခဲ့သော ရုရှား၊ ဆီးရီးယားနှင့် တူရကီတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Abu Bakr al-Baghdadi သေဆုံးမှုဟာ သမ္မတ Trump အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်သလို နိုင်ငံ့ခေါင်းဆောင် အသီးသီးကလည်း ချီးကျူးခဲ့ကြပါတယ်။ သို့သော် Abu Bakr al-Baghdadi သာသေဆုံး သွား ပေမယ့် IS အကြွင်းအကျန်များကတော့ ကျန်ရှိနေသေးတာဖြစ်တဲ့အတွက် ဆက်လက်တိုက်ပွဲ ဝင်သွား ရဥ◌ီး မှာ ဖြစ်ပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here