Home Lifestyle Health သွေးတိုးရောဂါကြောင့်ဖြစ်နိုင်သောနောက်ဆက်တွဲရောဂါများ

သွေးတိုးရောဂါကြောင့်ဖြစ်နိုင်သောနောက်ဆက်တွဲရောဂါများ

0
သွေးတိုးရောဂါကြောင့်ဖြစ်နိုင်သောနောက်ဆက်တွဲရောဂါများ

သွေးတိုးရောဂါရှိသူတွေရဲ့ ၉ဝရာခိုင်နှုန်းလောက်ဟာ ဘာရောဂါလက္ခဏာမှမပြလို့ ဘာဝေဒနာမှ မခံစားရတတ်တာကြောင့် သွေးတိုးရှိနေမှန်းမသိကြပါဘူး။ သွေးတိုးရောဂါရှိမရှိ သိနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းကတော့သွေးပေါင်ချိန်ခြင်းပါပဲ။ သွေးပေါင်မြင့်တက်နေရင် ဆရာဝန်နဲ့တွေ့ဆုံပြီးသွေးတိုးရောဂါရှိမရှိကို တိုင်ပင်ဆွေးနွေးဖို့လိုအပ်လာပါပြီ။

တကယ်လို့သွေးတိုးရောဂါရှိမရှိမသိတာကြောင့် ဆေးကုသမှုမခံယူခဲ့ရင် ဒါမှမဟုတ် ရောဂါရှိမှန်းသိလျက်နဲ့ စနစ်တကျထိန်းချုပ်မှုမလုပ်ခဲ့ရင် အကြောင်းကြောင်းကြောင့် ခန္စာကိုယ်ထဲက အရေးကြီး တစ်သျူးတွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေထိခိုက်သွားပြီဆိုရင်တော့… အမြင်မှုန်ဝါးတာ၊နှစ်ထပ်မြင်တာ၊ ခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာ၊ မအီမသာဖြစ်တာ၊ မောတာ၊ မူးတာစတဲ့ လက္ခဏာတွေပြတတ်ပါတယ်။ သွေးတိုးကြောင့်ထိခိုက်သွားတဲ့အစိတ်အပိုင်းတွေပေါ်မူတည်ပြီး ပြတတ်တဲ့လက္ခဏာတွေကမတူတတ်ပါဘူး။ အကယ်၍ ကျောက်ကပ်ထိခိုက်သွားရင် မျက်နှာဖောတာ ခြေထောက်ယောင်တာတွေ ဖြစ်တတ်ပြီး နှလုံးထိခိုက်ရင်မောတတ်ပါတယ်။ သွေးတိုးကြောင့်နှလုံးကိုထိခိုက်ရင် မူးတာ နှစ်ထပ်မြင်တာတွေဖြစ်တတ်ပါတယ်။

သွေးတိုးရောဂါကြောင့်နှလုံးရောဂါဖြစ်နိုင်သလိုနှလုံးထဲမှအဆို့ရှင်ကျယ်တဲ့နှလုံးရောဂါ၊နှလုံးကြီးတာ၊စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဦးနှောက်သွေးကြောပေါက်တာ၊ ဦးနှောက်သွေးကြောပိတ်တာတွေလည်းဖြစ်နိုင်သလို မျက်စိသွေးကြောတွေပေါက်တာသွေးကြောမကြီးပေါက်တာတွေလည်း ဖြစ်နိုင်တာကြောင့် သွေးတိုးရောဂါဟာ အလွန်အန္တရာယ်ကြီးတာလို့ ဆိုကြတာဖြစ်ပါတယ်။ ဒါကြောင့်.. ဆန်းသစ်မြန်မာရဲ့သူငယ်ချင်းပရိသတ်တွေလည်း သွေးပေါင်မြင့်နေမှန်းသိရင် ပေါ့ပေါ့ဆဆမနေကြပါနဲ့လို့…
မသိရင်လည်း သွေးပေါင်ချိန်ကြည့်ကြပါဦးလို့…

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: