သေဆုံးနေသူ ၃၉ ဦးကို တင်ဆောင်လာသော ကုန်တင်ကားကို Essex တွင် ရဲများကဖမ်းဆီးရမိခဲ့

0
293

အောက်တိုဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်အရှေ့ပိုင်း Essex ခရိုင်၌ သေဆုံးနေသော လူ(၃၉)ဦးကို တင်ဆောင် လာသော ကုန်တင်ကားတစ်စီးအား သတင်းပို့ချက်တစ်ခုအရ ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုအမှု ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကို မသိရသေးပေမယ့် ရဲများကတော့ ထိုအမှုဟာ မှောင်ခိုဂိုဏ်းတစ်ခုခုနှင့် ဆက်စပ်မှု ရှိနေ တယ်လို့ သံသယရှိနေကြပါတယ်။ ရဲများ၏ ပြောပြချက်အရ ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုတွေ အားလုံး ထဲမှာ ယခုအမှုက အကြီးဆုံးဖြစ်သလို ရှုပ်ထွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အအေးပေးထားတဲ့ နောက်တွဲထဲတွင် သေဆုံးနေသူ အမျိုးသမီး (၈)ဦး၊ အမျိုးသား (၃၁)ဦး နှင့်အတူ Waterglade စက်မှုဇုန် ၌ ကုန်တင်ကားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူထဲတွင် ဆယ်ကျော်သက် အမျိုးသမီး တစ်ဦး  သာ ပါဝင်ပြီးကျန်တာကတော့ အသက်ကြီးပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ရဲများကတော့ ထိုသူများဟာ မှောင်ခို ရွှေ့ပြောင်းလုပ်သားများဖြစ်နိုင်ကာ တရုတ်လူမျိုးများ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ရဲများ၏ပြောပြချက်အရ ကုန်ကားရဲ့ခေါင်းတွဲဟာ အောက်တိုဘာလ(၂၀)ရက်တနင်္ဂနွေနေ့က အိုင်ယာလန် သမ္မတ နိုင်ငံ၏ Dublin မြို့မှစတင်ထွက်ခွာခဲ့တာဖြစ်ပြီး Holyhead ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဥရောပထဲသို့ ဝင်ရော က်ခဲ့ တယ်လို့သိရပါတယ်။ ထို့နောက် Thames မြစ်ကိုဖြတ်ပြီး ဘယ်လ်ဂျီယံမှလာတဲ့ အပူချိန်-25C ရှိတဲ့ နောက်တွဲ ကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် 00:30 ၌ Purfleet တွင် သွားသယ်ခဲ့ပါတယ်။ နောက်တွဲကို သယ်ပြီး 01:05 တွင် ထိုနေရာမှ ပြန်လည်ထွက်ခွာခဲ့ကာ 01:40 မရောက်မီမှာပဲ စက်မှုဇုန်ထဲရှိ အရေးပေါ် ကယ်ဆယ်ရေး ကားရှိ ဝန်းထမ်းတစ်ဦးက ကုန်ကားထဲတွင် လူသေများကိုတွေ့ရှိထားတယ်လို့ သတင်းပေးသဖြင့် ဖမ်းဆီး ရမိခဲ့ တာဖြစ်ပါတယ်။

အိုင်ယာလန်မြောက်ပိုင်း၊ Armagh ကောင်တီ၏ Portadown ဒေသတွင်နေထိုင်သော အသက်(၂၅)နှစ်အရွယ် ကားမောင်းသူ Mo Robinson ကိုတော့ လက်ရှိတွင် သံသယရှိသူအဖြစ် ဖမ်းဆီးထားကာ သေဆုံးသွား သူတစ်ဦး ချင်းစီရဲ့ အသေးစိတ်အချက်အလက်များနှင့် အမှုဖြစ်အကြောင်းအချင်းအရာ အသေးစိတ်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရှိရပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here