ကမ္ဘာ့ ဒုတိယမြောက် foldable ဖုန်းကို Huawei က နောက်လတွင် မိတ်ဆက်တော့မည်

0
154

အောက်တိုဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် Huawei က လာမည့် နိုဝင်ဘာလ (၁၅)ရက်တွင် သူတို့ရဲ့ ပထမဦးဆုံး foldable ဖုန်းဖြစ်တဲ့ Huawei Mate X ကို မိတ်ဆက်ကာ တရုတ်တွင် ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Foldable ဖုန်းကို ပထမဦးဆုံး ထုတ်လုပ်ခဲ့တာကတော့ Samsung ဖြစ်ပြီး Huawei ကတော့ ဒုတိယမြောက်ပဲဖြစ်ပါတယ်။

Huawei ရဲ့ ပြောပြချက်အရ သူတို့ရဲ့ foldable ဖုန်းကို ဒီနှစ် နွေရာသီထဲကထုတ်ဖို့ရန် ရည်ရွယ်ခဲ့သော်လည်း Samsung က ပထမဦးစွာ မိတ်ဆက်ခဲ့ပြီး မှန်ကို ခေါက်ရာတွင် ပြဿနာဖြစ်နေခြင်းကို တွေ့ရှိခဲ့တဲ့အတွက် ထိုသို့သော ပြဿနာမဖြစ်စေရန် အကောင်းဆုံးပြင်ဆင်နေတာဖြစ်လို့ ယခုလို နောက်ကျသွားရတာဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် Huawei Mate X ဟာ 5G ဖြင့် လာမှာဖြစ်ပြီး စျေးကတော့ 16,999 yuan ($2,403) လောက်ရှိမယ်လို့ သိရှိရပါတယ်။ ထို့အပြင် နိုဝင်ဘာလ (၁၅) ရက်နေ့မှာ တရုတ်တစ်နေရာထဲကိုပဲ ရောင်းချပေးသွားမှာဖြစ်ပြီး အသုံးပြုသူတွေရဲ့ ဝေဖန်ချက်ကို နားထောင်ပြီးမှ ကမ္ဘာ့စျေးကွက်သို့ တင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Source : CNBC News

LEAVE A REPLY

Please enter your comment!
Please enter your name here