New Jersey ရှိ ဆယ်ကျော်သက်ကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့်တရားစွဲခြင်းခံရ

0
247

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့က New Jersey ရှိ Rutgers ကျောင်းတွင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ အမျိုးသမီးအဆောင်ထဲသို့ ခိုးဝင်ပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ရန်ကြိုးစားခဲ့သဖြင့် ရဲများကဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ (၂၁)ရက် တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကောင်လေးကို လက်ရှိမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုနှင့် ဖောက်ထွင်းမှုတို့ဖြင့် ကလေးသူငယ်များတရားရုံးတွင် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Emmanuel Azuonwu ဟာ Rutgers ကျောင်းဝင်းအတွင်း Quad 2 အဆောက်အဦထဲရှိ သူမ၏ အဆောင်ထဲတွင် အိပ်နေခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နံနက်အိပ်ရာထချိန်တွင် တံခါးမခေါက်ပဲ ခိုးဝင်လာတဲ့ သူစိမ်းကိုတွေ့သဖြင့် အော်လိုက်ရာတွင် တရားခံဟာ ထွက်ပြေးခဲ့ပါတယ်။ ကံကောင်းချင်တော့ Emmanuel Azuonwu အိပ်ခန်းတွင် သူ၏အခန်းဖော်တစ်ဦး ရှိနေခဲ့တယ်လို့ Emmanuel Azuonwu ၏ ပြောပြချက်အရသိရပါတယ်။ Rutgers ကျောင်း၏ ပြောပြချက်အရ တရားခံဟာ Rutgers ကျောင်းသားတစ်ဦးမဟုတ်တဲ့အပြင် ကျောင်းပတ်ဝန်းကျင်တွင် လှည့်ပတ်ကြည့်ရှုနေတာ ကြာပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ Rutgers ကျောင်းကတော့ ထိုကောင်လေးအပေါ် တားမြစ်ခြင်းတစ်စုံတစ်ရာ မရှိတဲ့အပြင် သူ့ရဲ့ နာမည်နှင့် ဖြစ်ပျက်မှုအသေးစိတ်ကိုလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Source : FOX News

LEAVE A REPLY

Please enter your comment!
Please enter your name here