ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်လျှင်ဖြစ်ပွားလာမည့် ကိစ္စရပ်များအားလုံးအတွက် ပြင်ဆင်ထားပြီးပြီဟုပြောကြားခဲ့တဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီး

0
154

အောက်တိုဘာလ (၂၀)ရက် တနင်္ဂနွေနေ့တွင် ဗြိတိန်ရဲ့ ကျန်းမာရေးဝန်ကြီး Matt Hancock က ဗြိတိန်အနေနဲ့ ဥရောပနိုင်ငံများမှ ထွက်ရန်နှောက်နှေးနေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စတစ်ခုမဟုတ်ကြောင်းနဲ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင် Brexit သဘောတူညီမှုမယူတော့ပဲ ဥရောပနိုင်ငံများစာရင်းမှ အပြီးပိုင်နှုတ်ထွက်သင့်ကြောင်းပြောကြားခဲ့ပါတယ်။

ဗြိတိန်အစိုးရအနေဖြင့် Brexit ၏ သဘောတူညီချက်ကိုမယူတော့ပဲ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဥရောပနိုင်ငံများမှ အပြီးအပိုင်နှုတ်ထွက်ခြင်းကို နှောက်နှေးမနေပဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချရတော့မှာဖြစ်ပြီး ဥရောပနိုင်ငံများမှ ထွက်လိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို ဥရောပနိုင်ငံများမှ နှုတ်ထွက်သည့်နေ့မှစလို့ ဗြိတိန်အတွက် နောက်ထပ်ဆေးအမျိုးပေါင်း ၁၂၀၀၀ ကျော်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ Matt Hancock က ပြောကြားခဲ့ပါတယ်။

Source : Reuters News

LEAVE A REPLY

Please enter your comment!
Please enter your name here