Home News အမေရိကန် ကာလီဖိုးနီးယားတွင် ကျောင်းတက်ချိန်ကို နောက်ဆုတ်ပေးရန်အတည်ပြု

အမေရိကန် ကာလီဖိုးနီးယားတွင် ကျောင်းတက်ချိန်ကို နောက်ဆုတ်ပေးရန်အတည်ပြု

0
အမေရိကန် ကာလီဖိုးနီးယားတွင် ကျောင်းတက်ချိန်ကို နောက်ဆုတ်ပေးရန်အတည်ပြု

အောက်တိုဘာလ ၁၃ ရက် တနင်္ဂနွေနေ့တွင် California အုပ်ချုပ်ရေးမှူးGavin Newsom က ကျောင်းတက် ချိန်နောက်ဆုတ်ပေးရန် ဥပဒေကို အတည်ပြုပေးခဲ့ပါတယ်။ ကလေးအထူးကုအဖွဲ့နှင့် ရောဂါထိန်းချုပ်ရေးစင်တာ တို့ က ကလေးများဟာ အိပ်ရေးမ၀တဲ့အခါမှာ သူတို့ရဲ့ ပညာရေးကိုထိခိုက်လာပြီး အိပ်ချိန်ပြည့်၀တဲ့ ကလေးများဟာ သူ တို့ရဲ့ ပညာရေးကို ပိုမိုပြီး အားစိုက်နိုင်တာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကာလီဖိုးနီးယားကလေးများရဲ့ ကျောင်းတက် ချိန် ဟာ စောနေတဲ့အတွက် နောက်ဆုတ်ပေးဖို့ ထိုဥပဒေကို အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပါတယ်။

California ကျောင်းများ၏ အရင်ကပုံမှန်ကျောင်းတက်ချိန်ဟာနံနက် ၈နာရီ၇မိနစ် ဖြစ်တာကြောင့် ကျောင်းသား များဟာ ကျောင်းတက်ချိန်မီရန် နံနက် ၇နာရီ ၃၀ မတိုင်မီကတည်းက စာသင်ခန်းထဲသို့ လာရောက်ရပါတယ်။ ထို့ ကြောင့် ကျောင်းသားများရဲ့ အိပ်ချိန်မပြည့်တော့ပဲ စာသင်ချိန်တွေမှာ အိပ်ငိုက်ခြင်း၊ စာထဲစိတ်မဝင်စားခြင်းများ ဖြစ် ကာ ပညာရေးတွင် ထိခိုက်လာရပါတယ်။

ထိုဥပဒေကို အများစုကလက်ခံပေမယ့် ကန့်ကွက်နေတာကတော့ ကျောင်းဆရာ၊ဆရာမများပဲဖြစ်ပါတယ်။ ကျောင်း ဆရာ၊ဆရာမများက ကလေးများရဲ့ မိဘများ၊ အထူးသဖြင့် ဝန်ထမ်းမိဘများဟာ သူတို့ အလုပ်မသွားမီအချိန်မှာ က လေးများကို ကျောင်းသို့ပို့ဆောင်ပြီး အလုပ်သွားကြပါတယ်။ အခုလို ကျောင်းတက်ချိန်ကို နောက်ဆုတ်လိုက် ခြင်း အားဖြင့် မိဘများရဲ့ ကလေးကို ကျောင်းပို့ရမယ့်အချိန်လည်း နောက်ဆုတ်သွားရပါတယ်။ ထို့ကြောင့် မိဘများအလုပ် ထဲသို့ရောက်ချိန်ဟာလည်း နောက်ကျသွားမှာဖြစ်တဲ့အတွက် အခက်အခဲများစွာရှိနိုင်ခြင်းကြောင့် ထိုဥပဒေကို လက်မခံကြောင်း ပြောကြားနေပါတယ်။

သို့သော် အုပ်ချုပ်ရေးမှူး Gavin Newsom ကတော့ အနာဂတ် လူငယ်များရဲ့ ပညာရေးကိုသာကြည့်ပြီး ဥပဒေကို အ တည်ပြုလိုက်ပြီဖြစ်ပါတယ်။ ထိုဥပ​ဒေ အသစ်ဟာ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ စတင်ပြီး အသက်ဝင်မှာဖြစ်တယ် လို့ သိရပါတယ်။

Source : Los Angeles Times News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: