Home News ဆယ်စုနှစ်အတွင်း အကြမ်းဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျပန်

ဆယ်စုနှစ်အတွင်း အကြမ်းဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျပန်

0
ဆယ်စုနှစ်အတွင်း အကြမ်းဆုံး တိုင်ဖုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျပန်

အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ ဒေသစံတော်ချိန် 19:00 တွင် တိုင်ဖုန်း Hagibis မုန်တိုင်းကြီးဟာ ဂျပန်ရဲ့ တိုကျိုမြို့သို့ တစ်နာရီ ၁၄၀ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ပါတယ်။ ထိုသို့ တိုက်ခတ်ခဲ့ခြင်းကြောင့် အိမ်များပျက်ဆီးခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၇ သန်းကျော်လောက်ဟာ ပြောင်းရွှေ့ခဲ့ကြရပြီး လူပေါင်း၅၀၀၀၀ လောက်သာ အမိုးအကာများဖြင့် ကျန်ရှိနေခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ရထားလမ်းများ၊ ကားလမ်းများနှင့် ထောင်နဲ့ချီတဲ့ လေယာဉ်ခရီးများကို ဖျက်ထားရတဲ့အပြင် အောက်တိုဘာလ ၁၂ ရက် စနေနေ့တွင် ကျင်းပရန်ပြုလုပ်ထားတဲ့ အားကစားပွဲစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရတယ် လို့ သိရပါတယ်။ ဂျပန်ရဲ့ မိုးလေဝသဌာနကတော့ စနေနေ့ နေ့လည်ပိုင်းနှင့် တနင်္ဂနွေနေ့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် မီတာဝက်အထိ မိုးများရွာသွန်းမည်ဖြစ်ကြောင့် ကြေငြာချက်ထုတ်ပြန်ထားခဲ့ပါတယ်။

Hagibis ကျွန်းဆွယ်ကတော့ မုန်တိုင်းရဲ့ ဗဟိုချက်အဖြင့် တိုက်ခတ်ခြင်းခံခဲ့ရတဲ့အတွက် မြေပြိုမှုများပါဖြစ်ပွားခဲ့ပြီး မုန်တိုင်းတိုက်နေစဉ်အတွင်း လေဆင်နှာမောင်းကဲ့သို့သော လေများပါတိုက်ခတ်ခဲ့တဲ့အတွက် အိမ်များပျက်စီး ဆုံးရှုံးမှု များပြားခဲ့ရပါတယ်။ ဒါဟာ ဂျပန်အတွက် ဆယ်စုနှစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အကြီးမားဆုံးသော မုန်တိုင်းတစ်ခုပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကပဲ ဂျပန်သို့ တိုင်ဖုန်း Faxai မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အိမ်ပေါင်း သုံးသောင်းကျော်လောက် ပျက်ဆီးခဲ့ရပြီး အများစုကတော့ ယခုအချိန်အထိပြန်လည်ပြင်ဆင်နေတာ မပြီးဆုံးသေးဘူးလို့လည်း သိရပါတယ်။

မုန်တိုင်း မဝင်မီကတည်းက ကြိုတင်သတိပေးချက်များထုတ်ပြန်ထားလို့ လူများအားလုံး ရှောင်နေခဲ့ပြီးဖြစ်တဲ့အတွက် ပျက်ဆီးဆုံးရှုံးမှုများသာ ဖြစ်ခဲ့ပြီး အသေအပျောက်ဆိုလို့ တိုကျိုအရှေ့ဘက် Chiba တွင် လေပြင်းထန်မှုကြောင့် ကားလိမ့်သွားကာ လူတစ်ဦး သေဆုံးပြီး ၆၀ လောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်းတစ်ခုပဲ ရရှိထားပါသေးတယ်။ ဒါဟာ ဂျပန်အတွက် ဒုတိယအကြီးဆုံး မုန်တိုင်းဖြစ်ပြီး ပထမကတော့ ၁၉၅၉ ခုနှစ်က တစ်နာရီ ၁၉၀ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Vera ပဲဖြစ်ပါတယ်။ ထိုစဉ်က လူပေါင်း ၅ ထောင်ကျော် သေဆုံးခဲ့ပြီး ရှာမတွေ့တော့တဲ့ လူများလည်း ရှိခဲ့ပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: