Home News ကာလီဖိုးနီးယား တောမီးကြောင့် ၂ ဦးသေဆုံးကာ ၁ သိန်းလောက်ပြောင်းရွှေ့ခဲ့ရ

ကာလီဖိုးနီးယား တောမီးကြောင့် ၂ ဦးသေဆုံးကာ ၁ သိန်းလောက်ပြောင်းရွှေ့ခဲ့ရ

0
ကာလီဖိုးနီးယား တောမီးကြောင့် ၂ ဦးသေဆုံးကာ ၁ သိန်းလောက်ပြောင်းရွှေ့ခဲ့ရ

အောက်တိုဘာလ ၁၀ ရက် ကြာသပတေးနေ့က စတင်လောင်ကျွမ်းခဲ့သော တောမီးဟာ သောကြာနေ့တွင် လေနှင့် အတူ ပိုမိုကြီးထွားလာသဖြင့် ဒေသခံ ၁ သိန်းလောက် ပြောင်းရွှေ့ခဲ့ရတဲ့အပြင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တောမီးဟာ Santa Ana အမည်ရှိ တစ်နာရီမိုင်၅၀နှုန်းနဲ့တိုက်ခတ်တဲ့လေနှင့်အတူ Los Angeles မြောက်ဘက် အစွန်းရှိ San Fernando တောင်ကြားတစ်လျှောက်ကို လောင်ကျွမ်းသွားသဖြင့် Sylmar ရွာရှိ လူနေအိမ် အနည်းဆုံး ၂၅ လုံး လောင်ကျွမ်းခဲ့ရကာ အိမ်ခြေ ၂ သောင်းလောက်ရှိ လူများကတော့ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရ ပါတယ်။

ရဲချုပ် Michel Moore ၏ ပြောပြချက်အရ တောမီးဟာ ကြာသပတေးနေ့ည ဒေသစံတော်ချိန် ၉နာရီလောက်မှာ San Fernando တောင်ကြားမှစတင်လောင်ကျွမ်းခဲ့ကာ တစ်နာရီကို ဧက ၈၀၀ နှုန်းနဲ့ လောင်ကျွမ်းခဲ့ပြီး ယခုမှာတော့ ၇ မိုင် ပတ်လည်လောက်ဟာ မီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေလောက်ကတည်းက တော၏ စိုထိုင်းမှုနှုန်းလျော့နည်းလာသည်ကို သိရှိခဲ့သဖြင့် California မြောက်ဘက်ရှိ လူနေအိမ်၂ သန်းလောက်ကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး သောကြာနေ့မှာတော့ တစ်ဝက်နီးပါး လောက်ကို လျှပ်စစ်မီးပြန်လည် ပေးလိုက်ပြီလို့ သိရပါတယ်။ ယခုလက်ရှိမှာ တောမီးကို ထိန်းသိမ်းနိုင်ဖို့အတွက် မီးသတ်သမား ၁၀၀၀၀ အပြင် မီးသတ်လေယာဉ်များကိုပါ အသုံးပြုထားတယ်လို့လည်း သိရှိရပါတယ်။

Source : FOX News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: