Home News ဆော်ဒီဆိပ်ကမ်းအနီးတွင် အီရတ်ရေနံတင်သင်္ဘောတစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ

ဆော်ဒီဆိပ်ကမ်းအနီးတွင် အီရတ်ရေနံတင်သင်္ဘောတစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ

0
ဆော်ဒီဆိပ်ကမ်းအနီးတွင် အီရတ်ရေနံတင်သင်္ဘောတစ်စင်း ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ

အောက်တိုဘာလ ၁၁ ရက် သောကြာနေ့တွင် ဆော်ဒီနိုင်ငံJeddah ဆိပ်ကမ်းနှင့် မိုင် ၆၀ အကွာ ပင်လယ်နီထဲ တွင် အီရတ်ရေနံတင်သင်္ဘောတစ်စင်းဟာ ၂ ကြိမ်တိတိ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ထိုတိုက်ခိုက်မှု ကို အီရတ်ဘက်ကတော့ ဆော်ဒီရဲ့ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုနေပါတယ်။ ယခင်ကတည်းက ဆော်ဒီနှင့် အီရတ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေကြတဲ့အတွက် ယခုလို ရေနံတင်သင်္ဘောတိုက်ခိုက် ခံလိုက်ရခြင်း ကြောင့် စစ်ရေးတင်းမာမှု ပိုမိုပြင်းထန်သွားပြီ ဖြစ်ပါတယ်။

ဒေသတွင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရခြင်းဟာ ဒေသစံတော်ချိန် နံနက် ၅နာရီ နှင့် ၅နာရီမိနစ်၂၀ လောက်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရေနံတင်သင်္ဘောပေါ်တွင် ရေနံစည်ပေါင်း ၁သန်း လောက် တင်ဆောင်ထားပြီး ထိုရေနံများကို လန်ဒန်သို့ပို့ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ ယခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် သောကြာနေ့မှာပဲ အရှေ့အလည်ပိုင်းဒေသရဲ့ ရေနံစျေးဟာ ရေနံတစ်စည်ကို ဒေါ်လာ၆၀သို့ ချက်ချင်းထိုးတက်သွားတယ်လို့ သိရပါတယ်။

ဒုံးကျည်တိုက်ခိုက်မှုဟာ ၂ ကြိမ်တိတိဖြစ်ပွားခဲ့ပြီး ပထမတိုက်ခိုက်မှုအပြီး မိနစ် ၃၀ လောက်အကြာတွင် ဒုတိယ အကြိမ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် သင်္ဘောပေါ်ရှိရေနံများအားလုံး ယိုဖိတ်သွားခဲ့ပါတယ်။ လက်ရှိအချိန် အထိတော့ ရေနံသင်္ဘောကိုတိုက်ခိုက်တဲ့သူ အစစ်အမှန်ကို မသိရသေးသော်လည်း အီရတ်ကတော့ ဆော်ဒီကို ယခုကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။

Source : FOX News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: