Google ရဲ့ Gmail နှင့် Maps တို့တွင် Dark Mode ကိုအသုံးပြုလို့ရပြီ

0
136

Dark Mode ကြိုက်နှစ်သတ်သူတွေအတွက် သတင်းကောင်းလေးလာပါပြီ။ အောက်တိုဘာလ ၁၀ရက်နေ့ကစလို့ Google ရဲ့ လူသုံးများတဲ့ ဝန်ဆောင်မှုများဖြစ်တဲ့ Gmail နှင့် Maps တို့ကို Android နှင့် IOS ဖုန်းများတွင် Dark Mode ဖြင့် အသုံးပြုလို့ရပြီဖြစ်ကြောင်း Google က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မိမိဖုန်းဟာ Android ဆိုလျှင် Android 10 နှင့် အထက်ရှိရမှာဖြစ်ပြီး IOS ဆိုရင်တော့ IOS 11 နှင့် အထက် ရှိဖို့ လို အပ်မှာဖြစ်ကြောင်း သိရပါတယ်။

Gmail ရဲ့ နောက်ဆုံး Update တွင် Dark Mode ကိုထည့်သွင်းပေးလိုက်ပြီဖြစ်တာကြောင့် Android 10 နှင့် အ ထက်၊ IOS 11 နှင့် အထက် အသုံးပြုသူများအားလုံး Dark Mode ကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Maps ကိုတော့ Android 10 နှင့်အထက် ဖုန်းများသာ Dark Mode ကို အသုံးပြုလို့ရမှာဖြစ်ပြီး IOS အသုံးပြုသူတွေ အတွက်တော့ Dark Mode ကို အသုံးပြုနိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် မိမိရဲ့ ဖုန်းဟာ android 10 နှင့်အထက် (သို့မဟုတ်) IOS 11 နှင့် အထက်ဖြစ်တယ်ဆိုရင်တော့ အခုပဲ Gmail နဲ့ Maps ကို Update တင်ပြီး Dark Mode နဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

Source : The Next Web News

LEAVE A REPLY

Please enter your comment!
Please enter your name here