Home News ဂျာမနီရှိ ဂျူးဘုရားကျောင်းတွင် အကြမ်းဖက်မှုဖြစ်ပွား

ဂျာမနီရှိ ဂျူးဘုရားကျောင်းတွင် အကြမ်းဖက်မှုဖြစ်ပွား

0
ဂျာမနီရှိ ဂျူးဘုရားကျောင်းတွင် အကြမ်းဖက်မှုဖြစ်ပွား

အောက်တိုဘာလ ၉ ရက် ဗုဒ္ဓဟူးနေ့က ဂျာမနီ အရှေ့ဘက်ရှိ Halle မြို့လည်တွင်ရှိသော ဂျူးဘုရားကျောင်း၌ အကြမ်းဖက်မှုဖြစ်ပွားရာလူ၂ ဦး သေဆုံးခဲ့ပါတယ်။ မျက်မြင်သက်သေများ၏ ပြောပြချက်အရ ထိုနေ့ဟာ ဂျူးလူမျိုးတို့ရဲ့ Yom Kippur ပိတ်ရက်ဖြစ်တဲ့အတွက် ဘုရားကျောင်းသို့ လာယောက်သူဦးရေဟာ ၆၀ လောက်ရှိနေတယ်လို့ သိရ ပါတယ်။

ရဲများ၏ ပြောပြချက်အရ ထိုနေရာကို ၂၄နာရီလုံးအချိန်ပြည့် လုံခြုံရေးများဖြန့်ထားတဲ့အပြင် တစ်မြို့လုံးရှိ ဂျူးဘုရား ကျောင်းတွေ အားလုံးကိုလည်း လုံခြုံရေးတွေချထားတဲ့အတွက် လုံခြုံရေးအင်အား နည်းနေသောကြောင့် တရားခံကို ချက်ချင်းတားဆီးနိုင်ခြင်းမရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ တရားခံဟာ ဂျာမနီလူမျိုးဖြစ်ပြီး ရဲများကတော့ Stephan B လို့ခေါ်ကာ အခင်းဖြစ်ပြီး ၁၀ မိနစ်လောက်မှ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တရားခံဟာ လက်လုပ်သေနတ်ကို ကိုင်ဆောင်ကာ ဘုရားကျောင်းထဲသို့ ဝင်ရန်ကြိုးစားရင်း လမ်းပေါ်ရှိ အမျိုးသမီး တစ်ဦးနှင့် kebab စတိုးဆိုင်ရှိ အမျိုးသားတစ်ဦးတို့ကို ပစ်သတ်ခဲ့ပါတယ်။ ထိုအပြင် ဘုရားကျောင်းကိုလည်း ဖောက်ခွဲရန်ကြိုးစားခဲ့ပေမယ့် ရဲများကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ ၎င်းအမှုကို နိုင်ငံခေါင်းဆောင်များကတော့ ဂျူး လူမျိုးများကို တိုက်ဖျက်ရန်အတွက် ပြုလုပ်တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြပြီး၊ ဂျူးအဖွဲ့အစည်း က တော့ ရဲတပ်ဖွဲ့များ၏ ပေါ့ဆမှုကြောင့် ယခုလိုဖြစ်ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို အပြစ်တင်ပြောဆိုနေပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: