Home Entertainment တေးသံရှင်၀င်းပိုင်ရဲ့ ၀ါဆိုမိုးနဲ့အချစ်ကျွန် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

တေးသံရှင်၀င်းပိုင်ရဲ့ ၀ါဆိုမိုးနဲ့အချစ်ကျွန် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

0
တေးသံရှင်၀င်းပိုင်ရဲ့ ၀ါဆိုမိုးနဲ့အချစ်ကျွန် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

တေးသံရှင်၀င်းပိုင်ရဲ့၀ါဆိုမိုးနဲ့အချစ်ကျွန်တေးစီးရီးသစ်မိတ်ဆက်ပွဲကို ယနေ့ နေ့လည် ၁နာရီက ရန်ကုန်မြို့ Orchard ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခန်းအနားသို့ ဖိတ်ကြားထားတဲ့ စာနယ်ဇင်းမီဒီယာများ၊အနုပညာလောမှ တေးသံ ရှင်များ၊ တေးရေးဆရာများနဲ့ တီးခတ်ပေးတဲ့ Evening Star တေးဂီတ ၀ိုင်းတော်သားများ၊ ဒါရိုက်တာ အကယ်ဒမီ လှဆန်းဦးအပါအ၀င်၀င်းပိုင်ရဲ့ရင်းနှီးတဲ့အပေါင်းအသင်းများစုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ အခန်းအနားမှူးအဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဆရာအောင်သျှံ၀ိုင်းက ဆောင်ရွက်ပြီး တေးစီးရီးရဲ့ တေးရေးဆရာများဖြစ်ကြတဲ့ သန်းမောင်(စစ်တွေ)၊ မင်းဂျွန်စိုး၊သဟာအောင်၊ရမ္မာ၀တီစံ၀င်း နဲ့ Evening Star တေး ဂီတမှ ဂီတမှူး ကိုကျော်မင်းတို့က တေးစီးရီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကိုမိတ်ဆက်ရှင်း လင်း ပြော ကြားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ တေးသံရှင်၀င်းပိုင်က သူ့ရဲ့တေးစီးရီးသစ်ကို စာနယ်ဇင်းမီဒီယာများသို့ ရှင်း လင်းမိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်များကို နေ့လည်စာနဲ့ တည်ခင်းခဲ့ပါ တယ်။ ၀ါဆိုမိုးနဲ့ အချစ်ကျွန်တေးစီးရီးဟာ တေးသံရှင်၀င်းပိုင်ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေးစီးရီးဖြစ်ပြီး တေးရေး မင်းဂျွန်စိုးရဲ့ တေးဖြစ်တဲ့ ၀ါဆိုမိုးနဲ့ အချစ်ကျွန်ကို Cover Song အဖြစ် အမည်ပေးထားတာဖြစ်ပါတယ်။ တေး ၁၂ ပုဒ် ပါ၀င်ပြီး သန်းမောင်(စစ်တွေ)က ၂ပုဒ်၊ မင်းဂျွန်စိုးက ၃ပုဒ်၊သဟာအောင်က ၃ ပုဒ်၊ခေးကိုက ၂ပုဒ်နဲ့ ရမ္မာ၀တီ စံ၀င်း က ၂ပုဒ် အသီးသီးပါ၀င်ရေးသားထားကြပြီး Studio 1235 မှာ အသံဖမ်းယူထားတယ်လို့ သိရပါတယ်။

Mixing ကိုတော့ ကိုစိုးမိုး(မန္တလေး)က တာ၀န်ယူဆောင်ရွက်ပေးထားကာ Live Show ကိုတော့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မြနန္ဒာ ခန်းမမှာ အကယ်ဒမီလှဆန်းဦးက ကြီးကြပ်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ယနေ့ အောက် တိုဘာ ၁၀ရက်နေ့ကစတင်ပြီး ရန်ကုန်မြို့ မန်းသီရိတေးသံသွင်းကနေ တစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပြီလို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: