Home News သခင်ကို မီးဘေးကနေကယ်တင်ခဲ့တဲ့ ခွေးကလေး Gucci

သခင်ကို မီးဘေးကနေကယ်တင်ခဲ့တဲ့ ခွေးကလေး Gucci

0
သခင်ကို မီးဘေးကနေကယ်တင်ခဲ့တဲ့ ခွေးကလေး Gucci

အောက်တိုဘာလ ၇ ရက် တနင်္လာနေ့ ညတုန်းက ဩစတေးလျနိုင်ငံ Sydney မြို့ဆင်ခြေဖုံးရပ်ကွက်ကလေးဖြစ်တဲ့ Eagle Vale ရှိ​ နေအိမ်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့အချိန်တွင် အိမ်ရှင်ဖြစ်သူဟာ အိပ်ပျော် နေတဲ့အတွက် Pomeranian အမျိုးအစား Gucci အမည်ရှိခွေးကလေးက သခင်ကိုသွားနှိုးလိုက်ရာမှ အသက် ဘေးကလွှတ်မြောက်ခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ George Rutonski အိပ်ပျော်နေချိန်တွင် George Rutonski ၏ အိမ် နောက်ဖေးရှိ ဆေးလိပ် (သို့မဟုတ်) ဖယောင်းတိုင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးသတိ ပေးကိရိယာ တွေ တပ်ဆင်ထားသော်လည်း ခေါင်မိုးကဖုံးထားသလိုဖြစ်နေတဲ့အတွက် အချက်ပေးသံမကြားခဲ့ရဘူးလို့ George Rutonski ကပြောပြခဲ့ပါတယ်။ မီးသတိပေး ကိရိယာကအချက်မပေးခဲ့သော်လည်း ၂ နှစ်အရွယ်ရှိ Gucci လေး၏ အချက်ပေးမှုကြောင့် အိပ်ရာကနိုးလာကာ မီးဘေးကနေရှောင်နိုင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ တော့ George Rutonski ရဲ့ နေအိမ်တစ်ခုလုံး မီးလောင်သွားခဲ့ပါတယ်။ သူ့ရဲ့ သစ္စာရှိတဲ့ ခွေးကလေး Gucci ကြောင့် အသက်ဘေးကလွှတ်မြောက်ခဲ့တဲ့အတွက် သူ့ရဲ့ ခွေးကလေးကို အလွန်ကျေးဇူးတင်ကြောင်းလည်း ပြောသွား ခဲ့ပါတယ်။

Source : CNN News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: